သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဆန္ဒပြမှု ၅ ယောက်ထက်မနည်း သေဆုံး


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က Tahrir ရင်ပြင်က ဆန္ဒပြပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၃)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က Tahrir ရင်ပြင်က ဆန္ဒပြပွဲမြင်ကွင်း။ (ဇန်နဝါရီ ၂၅၊ ၂၀၁၃)
အီဂျစ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း ဟော်စနီမူဘာရက်ကို ဖြုတ်ချခဲ့တဲ့ ၂ နှစ်ပြည့်အခမ်းအနား လူထုစုဝေးမှုအတွင်း၊ ဆန္ဒပြသူတွေ နဲ့ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေကြား အီဂျစ်နိုင်ငံတဝှမ်း သောကြာနေ့က ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။ ကိုင်ရိုမြို့မှာတော့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ တာရီယာရင်ပြင်ကို ချီတက်ခဲ့ကြပြီး၊ အစိုးရ အဆောက်အအုံတွေ ရှိတဲ့နေရာကို ကာထားတဲ့ နံရံတွေနားကို ကပ်လာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက ရဲတွေကို ခဲနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလက်ဇန္ဒရီယားမြို့၊ စူးအက်ဇ် နဲ့ အစ္စမေးလီးယားမြို့တွေမှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ အဲဒီလိုမျိုး ထိပ်တိုက်တွေ့တာတွေဖြစ်တယ်လို့ ဆိုပါတယ်။
သောကြာနေ့က လူထု စုဝေးမှုတွေအတွင်း လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်နိုင်ငံရဲ့ဆေးရုံတွေက တာဝန်ကျဝန်ထမ်းတွေက ပြောပါတယ်။

ဘာသာရေး နဲ့ ကင်းရှင်းတဲ့ အတိုက်အခံအင်အားစုတွေကတော့ သမ္မတမော်စီ နဲ့ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ကို ဆန္ဒပြဖို့ တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် မိုဟာမက် အယ်လ် ဘာရာဒေးကတော့ အတိုက်အခံတွေအနေနဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ကြဖို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ၊ ပြောလိုက်ပါတယ်။
XS
SM
MD
LG