သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အဓိကရုဏ်းမှာ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရ


အီဂျစ်အဓိကရုဏ်းမှာ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရ
အီဂျစ်အဓိကရုဏ်းမှာ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်က တဟီရာရင်ပြင်မှာ ခဲနဲ့ပစ်ပေါက်ကြတဲ့ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းထိန်း ရဲတွေကြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားလို့ လူ ၅၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့က လူတွေအများကြီး စုဝေးဆန္ဒပြခဲ့ရာကနေ စနေနေ့အထိ ကျန်နေတဲ့လူတွေကို လူစုခွဲဖို့အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်ဆံတွေ အသုံးပြုခဲ့ပြီးတော့ စနေနေ့က မငြိမ်မသက် ဖြစ်ခဲ့ရတာပါ။ သမ္မတဟောင်း ဟိုစနီမူဘာရက် ဖေဖော်ဝါရီလမှာ မပြုတ်ကျခင်ဖြစ်ပွားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ အခုဖြစ်တဲ့ မငြိမ်မသက်မှုတွေ အလားတူပါတယ်။

သမ္မတမူဘာရက် ပြုတ်ကျပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ကျင်းပမယ့် ပထမဆုံး လွှတ်တော် ရွေးကောက်ပွဲတွေ မစမီ တစ်ပတ်ကျော်လေးမှာပဲ အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပွားတာပါ။

လာမယ့်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ကိုအရပ်ဘက်က စောင့်ကြည့်ဖို့မလိုဘူး ဆိုတဲ့ အစိုးရရဲ့ အဆိုပြုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာက တဟီရာရင်ပြင်မှာ စနေနေ့က စုဝေးခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG