သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အစိုးရ ဆန့်ကျင် ဆန္ဒပြမှု အရှိန်မြင့်လာ


အီဂျစ်အစိုးရ ဆန့်ကျင် ဆန္ဒပြမှု အရှိန်မြင့်လာ
အီဂျစ်အစိုးရ ဆန့်ကျင် ဆန္ဒပြမှု အရှိန်မြင့်လာ

သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ အပြီးမှာ ဆင်နွှဲဖို့ စီစဉ်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အီဂျစ်နိုင်ငံက Muslim Brotherhood လို့ခေါ်တဲ့ အကြီးမားဆုံး အတိုက်အခံအုပ်စုက ပူးပေါင်း ပါဝင်မယ်လို့ ပြောလိုက်ပါတယ်။

သမ္မတ မူဘာရက် (Hosni Mubarak) ရဲ့ နှစ် ၃၀ ကြာ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ အတိုက်အခံ အဖွဲ့ငယ်တွေက ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ ၃ ရက် အီဂျစ်နိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရက ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှ အရေးယူ ဆောင်ရွက်မှု မရှိခဲ့တာ ရက်အတော်ကြာလာခဲ့တာကြောင့် အခုလို ပူးပေါင်းပါဝင်မှာ ဖြစ်တယ်လို့ Muslim Brotherhood အဖွဲ့က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောထားတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က စခဲ့တဲ့ မငြိမ်မသက်မှုတွေမှာ လူ ၅ ယောက် သေဆုံးခဲ့ပြီး လူ ၈၀၀ လောက် ထိန်းသိမ်းခဲ့တယ်လို့ အစိုးရက ပြောကြားပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဖမ်းခံရသူ ၂,၀၀၀ ကျော်တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းမှာတော့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ ယခင် အကြီးအကဲလည်း ဖြစ်ခဲ့တဲ့ မိုဟာမက် အယ်လ်ဘာရာဒီ (Mohamed ElBaradei) က ကိုင်ရိုမြို့ကို ပြန်သွားခဲ့ပါတယ်။ သူဟာ အီဂျစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်နေရာကို ရရှိလာနေပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက် နည်းလမ်းတွေနဲ့ မနှိမ်နင်းဖို့ သူက အီဂျစ်အစိုးရကို သတိပေးလိုက်ပါတယ်။

XS
SM
MD
LG