ဒီနေ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရဲ့ တဟီရီရင်ပြင်မှာ လူတွေ ထောင်သောင်းချီ ရောက်ရှိနေပြီး နောက်ထပ်လည်း သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) နှုတ်ထွက်ပေးရေး ဆန္ဒပြသူတွေ တဖွဲဖွဲ ရောက်လာမစဲ ရှိနေပါတယ်။
အသစ်ခန့်အပ်ခံရတဲ့ ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) က နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ အခြေခံဥပဒေရေးရာ ဥပဒေပြုမှု ဆိုင်ရာတွေ တွေ့ဆုံ ဆွေးနွေးဖို့ ပြောဆိုလိုက်ပါတယ်။
အီဂျစ် တပ်မတော်ကလည်း ပြည်သူတွေရဲ့ တရားဥပဒေနဲ့ ညီညွတ်သော တောင်းဆိုချက်တွေကို အသိအမှတ် ပြုမှာဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ် နှိမ်နင်းမှာ မဟုတ်ဘူးလို့ ဒီနေ့ ကြေညာထားပါတယ်။