သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး ကော်မတီ မူဘာရက်ခ် ဖွဲ့စည်း


ပြုပြင်ပြောင်းလဲရေး ကော်မတီ မူဘာရက်ခ် ဖွဲ့စည်း
ပြုပြင်ပြောင်းလဲရေး ကော်မတီ မူဘာရက်ခ် ဖွဲ့စည်း

အီဂျစ်နိုင်ငံမှာ ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခံနေရတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး ကော်မတီတွေကို ဖွဲ့စည်းခဲ့ပါတယ်။

အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူကြမ်းကော်မတီ၊ အဲဒီကော်မတီရဲ့ လုပ်ငန်း တာဝန်တွေကို စောင့်ကြည့် လေ့လာမယ့် ကော်မတီ၊ ပြီးခဲ့တဲ့ သီတင်းပတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့မှုအတွင်း သေဆုံးရမှုအတွက် စုံစမ်းစစ်ဆေးရေး ကော်မတီ စတဲ့ ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဒု-သမ္မတ ဆူလေမန်ရဲ့ ရုပ်သံလွှင့် မိန့်ခွန်းထဲမှာ ဒီနေ့ ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကတော့ ဒီကနေ့မှာ ၁၅ ရက်မြောက် ဆက်တိုက် ဖြစ်ပေါ်နေပြီး ကိုင်ရိုမြို့တော်က တဟီရာ ရင်ပြင်မှာ ထောင်သောင်းချီတဲ့ ဆန္ဒပြ လူထုတွေ ဆက်ပြီး ရောက်ရှိနေကြပါတယ်။

ဂျော်ဒန်နိုင်ငံမှာ ဘီဒိုဝင် (Bedouin) တိုင်းရင်းသား ၃၆ ဖွဲ့ရဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ ချက်ချင်း လုပ်ဆောင်ပေးဖို့ တနင်္လာနေ့ နေ့စွဲနဲ့ တောင်းဆိုထားတဲ့ စာတစောင် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ (King Abdullah) ဆီ ပေးပို့လိုက်ပါတယ်။ ဂျော်ဒန်လွှတ်တော်ထဲမှာ ဘုရင်ကို သစ္စာရှိသူတွေက အမတ်နေရာ အများစုနဲ့ လွှမ်းမိုးထားစေတဲ့ ရွေးကောက်ပွဲ ဥပဒေကို ဖျက်သိမ်းပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။

တူနီးရှားနိုင်ငံမှာတော့ အလုပ်တာဝန်တွေကို ရှောင်လွှဲနေကြတဲ့ တူနီးရှား တပ်မတော်ရဲ့ အရန်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အလုပ်ကနေ ဖြုတ်ပစ်မယ်လို့ တူနီးရှား ဝန်ကြီးချုပ် မိုဟာမက် ဂန်နူချီ (Mohamed Ghannouchi) က ကြေညာထားပါတယ်။

XS
SM
MD
LG