သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံမှာ အစိုးရ ၀န်ထမ်းတွေကြား မကျေနပ်မှုတွေ ကြီးထွား


အီဂျစ်နိုင်ငံမှာ အစိုးရ ၀န်ထမ်းတွေကြား မကျေနပ်မှုတွေ ကြီးထွား

အီဂျစ်နိုင်ငံမှာ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ရာထူးကနေ ဆင်းသွားပေမဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ မကျေနပ်မှုတွေ ဆက်လက် ထွက်ပေါ်နေတာနဲ့အတူ ကိုင်ရိုမြို့တော်မှာ ရဲဝန်ထမ်းတွေ အပါအဝင် ထောင်နဲ့ချီတဲ့ လူတွေ ဆန္ဒပြနေကြပါတယ်။

ဒီနေ့ တနင်္လာနေ့မှာ တဟီရာ ရင်ပြင်မှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ စုဝေးနေကြပါတယ်။
ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ရှိခဲ့တဲ့ အရေအတွက်နဲ့ စာရင်တော့ အင်မတန် နည်းပါတယ်။

အစိုးရပိုင် လုပ်ငန်းတွေမှာ အလုပ်သမား နစ်နာကြေးနဲ့ လုပ်အားခ ပိုရဖို့အတွက် တခြားနေရာတွေမှာ ဆန္ဒပြပွဲတွေ၊ ထိုင်သပိတ်မှောက်ပွဲတွေ လုပ်နေကြတဲ့ ရာထူးအဆင့်အစုံက ဝန်ထမ်းတွေနဲ့အတူ ရဲဝန်ထမ်းတွေကလည်း ပူးပေါင်း ပါဝင်လာကြပါတယ်။ ဘဏ်ဝန်ထမ်းတွေ သပိတ်မှောက်နေကြလို့ ဒီနေ့မှာ ဘဏ်လုပ်ငန်းတွေ ပိတ်ခဲ့ရပါတယ်။

ဒီလိုဖြစ်နေချိန်မှာပဲ အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ၂ လအတွင်း ဆန္ဒခံယူပွဲ လုပ်ပေးပါမယ်လို့ ယာယီအုပ်ချုပ်နေတဲ့ စစ်အစိုးရက သူ့ကို ကတိပေးတဲ့အကြောင်း အီဂျစ်က ဒီမိုကရေစီရေး လှုပ်ရှားသူ ဝက်အဲလ် ဟိုနင် (Wael Ghonim) က ပြောပါတယ်။

XS
SM
MD
LG