သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ဘာသာရေးအဓိကရုဏ်း လူ ၂၀ ကျော် သေဆုံး


အီဂျစ် ဘာသာရေးအဓိကရုဏ်း လူ ၂၀ ကျော် သေဆုံး
အီဂျစ် ဘာသာရေးအဓိကရုဏ်း လူ ၂၀ ကျော် သေဆုံး

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာရှိတဲ့ ကော့ပ်တစ် (Coptic) ဘုရားရှိခိုးကျောင်းကို မီးရှို့တိုက်ခိုက်တာ ခံခဲ့ရတဲ့နောက်ပိုင်း တနင်္ဂနွေနေ့က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်သားတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာမို့ ၂၃ ဦးထက် မနည်း သေဆုံးခဲ့ရပြီး အနည်းဆုံး ၁၅၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ တနင်္ဂနွေနေ့ အဓိကရုဏ်းဟာ ဖေဖော်ဝါရီလက သမ္မတ မူဘာရက် နုတ်ထွက်ပေးဖို့ ဆန္ဒပြပွဲတွေနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပွားတဲ့ အကြမ်းဖက် အဓိကရုဏ်းတစ်ခု ဖြစ်ပါတယ်။

လုံခြုံရေးတပ်သားတွေနဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကြား အဓိကရုဏ်းဖြစ်ပွားရာမှာ ဆန္ဒပြသူတွေက မီးလောင်ပုံးတွေ သုံးခဲ့သလို စစ်တပ်ယာဉ်တွေကို မီးရှို့ခဲ့ကြပြီး ခဲတွေနဲ့ပါ ပစ်ပေါက်ခဲ့ကြပါတယ်။ ခရစ်ယာန် ဆန္ဒပြသူတွေက သူတို့ဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာဖြစ်ပေမဲ့ အရပ်ဝတ်နဲ့ ရဲတွေက သူတို့ကို ရန်စတဲ့အတွက် ပြန်ပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆန္ဒပြမှုတွေဟာ တဖြည်းဖြည်းနဲ့ ဖေဖော်ဝါရီလက သမ္မတ မူဘာရက် နုတ်ထွက်ပေးဖို့ ဆန္ဒပြစုဝေးရာ တာဟီရာ (Tahrir) ရင်ပြင်ဆီအထိပါ ပျံ့နှံ့သွားခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တည်ဆောက်မှုအတွက် မူစလင်တွေ မကျေနပ်ကြောင်း ပြသခဲ့တဲ့နောက် တောင်ပိုင်းက ဘုရားရှိခိုးကျောင်း နှစ်ကျောင်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ကြတာပါ။ ဒီအထဲက အက်စ်ဝန် (Aswan) မြို့က ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာရှိတဲ့ ခေါင်းလောင်းနဲ့ လက်ဝါးကပ်တိုင်တွေကို ဖယ်ရှားပေးဖို့အတွက် ဒေသခံ အစွန်းရောက် မူစလင်တွေရဲ့ တောင်းဆိုမှုကို ဘုရားကျောင်း တာဝန်ခံတွေက လက်ခံခဲ့တဲ့အတွက် အဲဒီဒေသမှာ အဓိကရုဏ်းနှစ်ခု ဖြစ်ပွားခဲ့တာပါ။

XS
SM
MD
LG