သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အဓိကရုဏ်း လူ ၅၀ ထက်မနည်း သေဆုံး


သမ္မတဟောင်းမော်စီကိုထောက်ခံသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲစဉ်။ (အောက်တိုဘာ ၆၊ ၂၀၁၃)
သမ္မတဟောင်းမော်စီကိုထောက်ခံသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲစဉ်။ (အောက်တိုဘာ ၆၊ ၂၀၁၃)
အီဂျစ်နိုင်ငံမှာ ရာထူးကဖယ်ရှားခံရတဲ့ သမ္မတမိုဟာမက်မော်စီကို ထောက်ခံ သူတွေနဲ့ ရဲတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်တာကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်တာဝန်ရှိ သူတွေက ပြောပါတယ်။

အကြမ်းဖက်မှု အများစုဟာ ကိုင်ရိုမြို့မှာ မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။ အာရပ် အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အများပြည်သူ အားလပ်ရက်ပွဲ ဆင်နွဲနေကြတဲ့အချိန်မှာပဲ စစ်တပ်လိုလားတဲ့ ချီတက်လမ်းလျှောက်လာသူတွေနဲ့ အစ္စလာမစ်တွေအကြား လမ်းပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါ တယ်။ တဘက်နဲ့တဘက် ခဲတွေ၊ လေးခွတွေ၊ ဂက်စ် ဓာတ်ငွေ့ဗုံးတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။

သမ္မတဟောင်း မော်စီထောက်ခံသူတွေကို လုံခြုံရေးရဲကနေ မျက်ရည်ယိုဗုံး သုံးပြီး မောင်းထုတ်ပစ်ခဲ့ပါတယ်။ သြဂုတ်လတုန်းက လူရာဂဏန်း သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်က အကြမ်းဖက်နှိမ်နင်းပြီးတဲ့နောက်ပိုင်းမှာ အခု တနင်္ဂနွေ ဆန္ဒပြမှုတွေဟာ အကြီးမားဆုံးဖြစ်ပါတယ်။ စစ်တပ်ကတင်ထားတဲ့ ကြားဖြတ်အစိုးရအနေနဲ့ အခု တနင်္ဂနွေ အများအားလပ်ရက်မှာ လူထုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fatah el-Sisi ကို ဘယ်လောက်ထောက်ခံကြလဲဆိုတာ ပြဖို့ မျှော်လင့်ထားတာပါ။

ဒါပေမယ့်လည်း သမ္မတဟောင်း မော်စီလိုလားတဲ့ မွတ်ဆလင်ညီအကိုတော်များ အဖွဲ့က စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ချီတတ်ဆန္ဒပြမှုတွေလုပ်ဖို့ စည်းရုံး လှုံ့ဆော်ခဲ့ပါတယ်။
XS
SM
MD
LG