သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်သုံးဦးကို အီဂျစ်မှာ ထောင်ဒဏ်ချမှတ်


အယ်ဂျာဇီးရားသတင်းထောက် Mohamed Fahmy (ဗဟို) နဲ့ Baher Mohamed (ဝဲ) တို့ ရှေ့နေ Amal Clooney (ယာ-ဒု) တို့ သတင်းသမားတွေနဲ့ တွေ့ဆုံစဉ်။ (သြဂုတ် ၂၉၊ ၂၀၁၅)
အယ်ဂျာဇီးရားသတင်းထောက် Mohamed Fahmy (ဗဟို) နဲ့ Baher Mohamed (ဝဲ) တို့ ရှေ့နေ Amal Clooney (ယာ-ဒု) တို့ သတင်းသမားတွေနဲ့ တွေ့ဆုံစဉ်။ (သြဂုတ် ၂၉၊ ၂၀၁၅)

အီဂျစ်နိုင်ငံမှာ မတရားအသင်းသတ်မှတ်ထားတဲ့ Muslim Brotherhood အဖွဲ့ကိုထောက်ခံမှုနဲ့ Al-Jazeera သတင်းထောက် ၃ ယောက်ကို အီဂျစ်တရားရုံးတခုက ထောင်ဒဏ် ၃ နှစ်စီ ချခဲ့ပါတယ်။

ပြန်လည်စစ်ဆေးခဲ့တဲ့ ဒီအမှုအတွက် ကိုင်ရိုမြို့တရားရုံက ဒီကနေ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။
သတင်းထောက်တွေဟာ အီဂျစ် လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ သတင်းထုတ်လွှင့်ခဲ့ကြတယ်လို့ တရားသူကြီးကပြောပြီး ပြစ်ဒဏ်တွေ ချခဲ့တာပါ။ သူတို့ ၃ ယောက်ဟာ သတင်းမှားတွေ ထုတ်လွှင့်ခဲ့သလို ခွင့်ပြုချက်မရဘဲ သူတို့တည်းခိုတဲ့ဟိုတယ်ကို သတင်းဌာနလို အသုံးပြူခဲ့တယ်လို့ တရားသူကြီးက
ဆိုခဲ့ပါတယ်။

ပြစ်ဒဏ်ချခဲ့ပြီးနောက်မှာ အီဂျစ်လူမျိုး ကနေဒါနိုင်ငံသား Mohamed Fahmy နဲ့ အီဂျစ်လူမျိုး Baher Mohamed တို့ကို တရားခွင်ကနေ အစောင့်တွေကနေ ခေါ်ဆောင်သွားခဲ့ကြပါတယ်။ Australia နိုင်ငံကို ဒီနှစ်ဆန်းပိုင်းက ပြန်နှင်ထုတ်ခဲ့တဲ့ သတင်းထောက် Peter Greste ကိုလည်း မျက်ကွယ်ပြစ်ဒဏ်ချခဲ့ပါတယ်။

ဒီကနေ့ ချခဲ့တဲ့ ပြစ်ဒဏ်ဟာ ဘယ်လိုမှ ယုတ္တိမရှိ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ Al-Jazeera သတင်းဌာနရဲ့
ယာယီညွှန်ကြားရေးမှူး Mostefa Souag က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အီဂျစ်ဆိုင်ရာ ကျွမ်းကျင်သူ Nicholas Piachaud ကလဲ ဒီကနေ့ အီဂျစ်မှာ မြင်တေ့ွနေရတဲ့ သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှုကို ပြစ်ဒဏ်တွေက ထင်ဟပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

သူတို့ ၃ ယောက်ဟာ ယုံကြည်မှုကြောင့် အပြစ်ပေးခံရသူတွေဖြစ်ပြီး သူတို့လွတ်မြောက်ရေးအတွက် နိုင်ငံတကာက အီဂျစ်အပေါ် ဖိလားပေးနိုင်မယ်လို့ မျှော်လင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဒီအမှုကိုပဲ လွန်ခဲ့တဲ့တစ်နှစ်ကျော် စီရင်ခဲ့တုန်းက မစ္စတာ Greste နဲ့မစ္စတာ Fahmy တို့ကို ထောင်ဒဏ် ၇ နှစ်စီနဲ့မစ္စတာ Mohamed ကို ထောင်ဒဏ် ၁၀ နှစ်စီ ချခဲ့တာပါ။

Australia လူမျိုး မစ္စတာ Greste ကို Australia ကို ပြန်ပို့ခဲ့ပေမဲ့ အီဂျစ်လူမျိုး ၂ ယောက်ဖြစ်တဲ့မစ္စတာ Fahmy
နဲ့မစ္စတာ Mohamed တို့ကို အီဂျစ်နိုင်ငံထဲမှာပဲ အာမခံနဲ့ လွှတ်ပေးထားတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG