ကိုင်ရိုတရားရုံးတရုံးက အီဂျစ်သမ္မတဟောင်း ဟော့စ်နီ မူဘာရက်ခ်ကို (Hosni Mubarak) မကြာခင် ပြန်လွှတ်တော့မယ်လို့ ပြောကြားခဲ့ပြီးနောက် အီဂျစ်ဝန်ကြီးချုပ်က မူဘာရက်ခ်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထားရှိဖို့ အမိန့်ထုတ်လိုက်ပါတယ်။
မစ္စတာ မူဘာရက်ခ် ဘယ်အချိန် ပြန်လွတ်လာမယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ခြင်းမရှိပေမဲ့ အကျဉ်းထောင် အရာရှိတွေကတော့ အစောဆုံး ဒီကနေ့ ကြာသပတေးနေ့မှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အီဂျစ်ဝန်ကြီးချုပ် ဟာဇမ် အယ်လ် ဘက်လာဝီ (Hazem el-Beblawi) ကတော့ ဒီအမိန့်ဟာ ဒီလအစောပိုင်း စတင် အသက်ဝင်ခဲ့တဲ့ အရေးပေါ် အခြေအနေ ဆောင်ရွက်ချက်တွေမှာ အကျုံးဝင်တယ်လို့ ကြေညာချက် ထဲမှာ ဖေါ်ပြထားပါတယ်။
မစ္စတာ မူဘာရက်ခ် ဟာ သူ အာဏာရှိခဲ့စဉ် နှစ် (၃၀) ကာလအတွင်း ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူသတ်မှု၊ အဂတိလိုက်စားမှုတွေနဲ့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ဒီစွဲချက်တွေထဲမှာ ၂၀၁၁ ခုနှစ်တုန်းက သူ့ရဲ့အုပ်ချုပ်ရေးကို ဆုံးခန်းတိုင်စေခဲ့တဲ့ ဆန္ဒပြပွဲကို နှိမ်နင်းရင်း ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေလည်း ပါဝင်နေပါတယ်။ အသက် (၈၅) နှစ်အရွယ် မစ္စတာ မူဘာရက်ခ်ဟာ ဒီစွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း မနှစ်က စီရင်ခံလိုက်ရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်း ခံလိုက်ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ တရားရုံးက ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပြီး အခုလို အကန့်အသတ်နဲ့ လွှတ်ပေးခြင်းခံရချိန်မှာ အမှု ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။