သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ကိုပေးတဲ့ အကူအညီ အမေရိကန်ပြန်ဆန်းစစ်မည်


အထက်လွှတ်တော် အသုံးစရိတ်ခွဲဝေရေးကော်မတီ ကြားနာပွဲ
အထက်လွှတ်တော် အသုံးစရိတ်ခွဲဝေရေးကော်မတီ ကြားနာပွဲ

အီဂျစ်နိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေ တိုးတက်မလာတဲ့အတွက် အမေရိကန်အစိုးရက အီဂျစ်အစိုးရကိုနှစ်စဉ်ပေးနေတဲ့ ဒေါ်လာ ၁.၅ ဘီလျံဖိုး ကူညီထောက်ပံ့မှုတွေပေးနေတာ ပြန်စဉ်းစားဖို့ အီဂျစ်အမေရိကန်ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ Abdel-Fattah el-Sissi ကစစ်အုပ်ချုပ်ရေးနဲ့ အီဂျစ်ကို အုပ်ချုပ်နေတာဖြစ်ပြီး လူ့အခွင့်အရေးကို မလေးစားသလို အစိုးရကိုင်တိုင်က အမေရိကန်ဆန့်ကျင်ရေးဝါဒကို အားပေးနေတယ်လို့ ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။ အထက်လွှတ်တော် အသုံးစရိတ်ခွဲဝေရေးကော်မတီ ကြားနာပွဲမှာ ပညာရှင်တွေကပြောခဲ့ကြတာဖြစ်ပါတယ်။

အီဂျစ်ဟာ အကြမ်းဖက်ဝါဒီတွေရဲ့ အကြီးအကျယ်ခြိမ်းခြောက်မှုကို ရင်ဆိုင် မနေရပေမဲ့ ၂၀၁၃ ခုနှစ်ထဲက အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကို ခံနေရတယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးဆိုင်ရာ Carnegie Endowment ကအရှေ့အလယ်ပိုင်းအစီအစဉ်ဒါရိုက်တာ Michele Dunne ကပြောကြားခဲ့ပါတယ်။ သမ္မတ Sissi ဝါရှင်တန်မြို့တော်ကို မကြာခင်လာသွားခဲ့စဉ်က ကူညီထောက်ပံံ့မှုပေးမယ်ဆိုတဲ့ကတိကို Trump အစိုးရ မပေးခဲ့တာ အပြုသဘောဆောင်တယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။

အိုဘားမားအစိုးရလက်ထက်က လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့သူ Tom Malinowski ကတော့ သမ္မတ Sissi နဲ့ အီဂျစ်စစ်တပ်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို မလုပ်သလို အုပ်ချုပ်မှုတိုးတက်ကောင်းမွန်အောင်လည်း မလုပ်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ ဆန့်ကျင်တဲ့သဘောထားရှိသူတွေအပေါ် ဖိနှိပ် နှိမ်နှင်းနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အီဂျစ်ကိုပေးတဲ့ အကူအညီ အမေရိကန်ပြန်ဆန်းစစ်မည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG