သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ရှိ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေကို သတိပေး


အမေရိကန်ရောက် အီဂျစ် ခရစ်ယာန်တချို့ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကြောင့် ဒေါသထွက် ဆန္ဒပြနေကြတဲ့ အီဂျစ်နိုင်ငံသားတချို့။ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
အမေရိကန်ရောက် အီဂျစ် ခရစ်ယာန်တချို့ ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုခွေကြောင့် ဒေါသထွက် ဆန္ဒပြနေကြတဲ့ အီဂျစ်နိုင်ငံသားတချို့။ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၂)။
မူစလင်တွေအများစုရှိတဲ့ အီဂျစ်နိုင်ငံမှာ အမေရိကန် အမျိုးသမီး ခရစ်ယာန်ဘာသာရေး မစ်ရှင်အဖွဲ့တွေ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ ကိုင်ရိုမြို့မှာရှိတဲ့ အမေရိကန် သံရုံးက သတိပေးချက် ထုတ်ပြန်ပါတယ်။

အကြမ်းဖက်သမားတွေဟာ အမေရိကန် အမျိုးသမီးမစ်ရှင်အဖွဲ့ တွေကို ပစ်မှတ်ထားနေတယ် ဆိုတဲ့ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိထားတယ်လို့ သံရုံး ဝက်ဘ်ဆိုက် ကြေညာချက်မှာ ဖော်ပြ ပါတယ်။ အီဂျစ်မှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သူတို့ လုံခြုံရေးအတွက် အထူး သတိထား နေကြဖို့ လိုအပ်သလို၊ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လည်း သံရုံးက တိုက်တွန်းပါတယ်။

အမေရိကန် သံတမန်တွေ အနေနဲ့ အရေးပေါ် အခြေအနေ ကြုံလာရင် ဆက်သွယ် အကူအညီယူနိုင်ဖို့ STEP လို ခရီးသွား လုံခြုံရေး အစီအစဉ်အတွက် အွန်လိုင်းပေါ်မှာ ဝင်ရောက် စာရင်းသွင်းထားကြဖို့ လည်း အမေရိကန်နိုင်ငံသားတွေကို တိုက်တွန်းနေပါတယ်။

မူစလင် အများစုရှိတဲ့ အီဂျစ်လူဦးရေ ၈၃ သန်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပြီး၊ ခွဲခြား ဆက်ဆံခံရတယ် ဆိုပြီး တိုင်တန်းမှုတွေ ရှိခဲ့ပါတယ်။ အီဂျစ်နိုင်ငံတွင်း ခရစ်ယာန် ဘာသာဝင်တွေ ဟာ ဘာသာရေးအရ ဖိနှိပ် အကြမ်းဖက် ခံရတာမျိုးတွေ ရှိတယ် ဆိုပြီးတော့လည်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောကြပါတယ်။
XS
SM
MD
LG