သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အီဂျစ်မှာ ပြန်ပေးဆွဲခံရ


အီဂျစ်နိုင်ငံမှာ Bedouin မျိုးနွယ်စုရဲ့ အမျိုးသားတဦးက အမေရိကန်ခရီးသွား ၂ ဦးကို ပြန်ပေးဆွဲထားပြီး ထောင်ချခံထားရတဲ့ သူ့ရဲ့ ဆွေမျိုးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ အမေရိကန်ခရီးသွား အမျိုးသား နဲ့ အမျိုးသမီးကို သူတို့ရဲ့ အီဂျစ်ဧည့်လမ်းညွှန်နဲ့အတူ

ဆိုင်နိုင်း ကျွန်းဆွယ် အလယ်ပိုင်း တောင်ထူထပ်တဲ့ နေရာကနေ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဖမ်းခံရသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်တော့ မထုတ်ပြန်ပါဘူး။ အခုလပိုင်းတွေအတွင်း တခြား ခရီးသွား တော်တော်များများ ကိုလည်း တိုင်းရင်းသား လူမျိုးစုတွေက ခဏဖမ်းဆီးမှုတွေ ရှိခဲ့ပြီး ဖမ်းခံရသူတွေ အထိအခိုက်မရှိ ပြန် လွတ်မြောက် လာခဲ့ကြပါတယ်။

XS
SM
MD
LG