အီဂျစ်နိုင်ငံမှာတော့ Aljazeera သတင်းဌာန ဒေသခွဲ ရုပ်သံလိုင်းနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းဌာနအပါအဝင် ရုပ်သံလိုင်း ၄ ခုရဲ့ ထုတ်လွှင့်မှုတွေကို ပိတ်ပင်ဖို့ အီဂျစ်တရားရုံးကနေ ဆုံးဖြတ် အမိန့်ထုတ်ခဲ့ပါတယ်။
စီမံအုပ်ချုပ်မှုဆိုင်ရာ တရားရုံးရဲ့ ဒီပိတ်ပင်ချက်ထဲမှာ မူဆလင်ညီအကိုတော်များအဖွဲ့က ထုတ်လွှင်တဲ့ Ahrar 25 Network အပြင် အစ္စလာမ်မစ် လိုလားတဲ့ ရုပ်သံတွေဖြစ်တဲ့ Al-Quds နဲ့ Al-Yarmuk ရုပ်သံလိုင်းတွေလည်း ပါဝင်ပါတယ်။
Aljazeera ရုပ်သံဌာနခွဲ Mubasher Misr ရုပ်သံလိုင်းဟာ လွန်ခဲ့တဲ့ နှစ်လတုန်းက စစ်တပ်ကနေ ရာထူးက ဖယ်ခဲ့တဲ့ သမ္မတ မိုဟာမက် မော်စီ ဘက်ကို ဘက်လိုက် ထုတ်လွှင့်ခဲ့တယ်လို့ အီဂျစ်အာဏာပိုင်တွေက စွပ်စွဲပါတယ်။ ဒီရုပ်သံလိုင်းဟာ ကောလဟာလ သတင်းမှားတွေကို ဖြန့်ပြီး လူထုကို ဒေါသဖြစ်အောင် ဆွပေးခဲ့တယ်၊ ဒီအတွက် အီဂျစ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အစိုးရဝန်ကြီးဌာန ၃ ခုကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီရုပ်သံလိုင်းတွေဟာ လိုအပ်တဲ့ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ထုတ်လွှင့်နေခဲ့တာ ဖြစ်တယ်လို့လည်း အဲဒီ ဝန်ကြီးဌာနတွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။