သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hamas ကို အကြမ်းဖက်အဖွဲ့ဟု အီဂျစ် သတ်မှတ်


Hamas သင်္ကေတ အလံတွေကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်း လူငယ်များ။
Hamas သင်္ကေတ အလံတွေကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်း လူငယ်များ။

ပါလက်စတိုင်းအုပ်စုဖြစ်တဲ့ ဟားမတ်စ်ကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း အီဂျစ်တရားရုံးက စနေနေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။

အီဂျစ်၊ ဆူနိုင်းကျွန်းဆွယ်က အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကြေညာချက်ကြောင့် အီဂျစ်နဲ့ဟားမတ်စ် ဆက်ဆံရေး ပိုပြီးအလှမ်းဝေးသွားစေပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ အီဂျစ်သမ္မတဟောင်း၊ မွတ်ဆလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင် မိုဟာမက်မော်စီအစိုးရနဲ့ ဟားမတ်စ်အဖွဲ့ကြားမှာ အရင်က ဆက်ဆံရေး နွေးနွေးထွေးထွေး ရှိခဲ့တာပါ။

အီဂျစ်လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ ဟာားမတ်စ် အုပ်စုဟာ မွတ်ဆလင်ညီအကိုတော်များအဖွဲ့နဲ့ လျှို့ဝှက်စွာ ပူးပေါင်းပါဝင်ခဲ့တဲ့ အထောက်အထားတွေ ရှိနေတယ်လို့ အီဂျစ်တရားရုံးက ပြောပါတယ်။ စနေနေ့က အဲဒီအီဂျစ်တရားရုံးရဲ့ကြေညာချက်နဲ့ပတ်သက်လို့ ဟားမတ်စ်အဖွဲ့က သဘောထားထုတ်ပြန်ရာမှာ အီဂျစ်ရဲ့ဆုံးဖြတ်ချက်ဟာ အန္တရာယ်ကြီးတဲ့အပြင် ပါလက်စတိုင်းပြည်သူတွေကို ပစ်မှတ်ထား တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

XS
SM
MD
LG