သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Al-Jazeera သတင်းထောက် ၃ ဦး အီဂျစ်မှာ ထောင် ၇ နှစ်စီ ချမှတ်ခံရ


Al- Jazeera ဌာန အင်္ဂလိပ်ပိုင်း ထုတ်ဝေသူ Baher Mohamed, (ဝဲ၊ ဗဟို)၊ ကိုင်ရိုဌာနခွဲမှူး Mohammed (လယ်) နဲ့ သတင်းထောက် Peter Greste (ဒု- ယာဘက်)
Al- Jazeera ဌာန အင်္ဂလိပ်ပိုင်း ထုတ်ဝေသူ Baher Mohamed, (ဝဲ၊ ဗဟို)၊ ကိုင်ရိုဌာနခွဲမှူး Mohammed (လယ်) နဲ့ သတင်းထောက် Peter Greste (ဒု- ယာဘက်)
မတရားအသင်း ကြေညာခံထားရတဲ့ မူဆလင် ညီအကိုတော်များအဖွဲ့ကို ထောက်ခံမှု၊ သတင်းမှားတွေကို ဖြန့်ချီမှုတွေနဲ့ အယ်ဂျာဇီးယား သတင်းဌာနက သတင်းထောက်သုံးယောက် အီဂျစ်တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
အဲဒီအမှုကို နိုင်ငံတကာက ရှုတ်ချဝေဖန်နေကြတာပါ။ ဒီကနေ့မှာ ပြစ်ဒဏ်ချခံရတဲ့ သုံးယောက်ကတော့ သြစတေးလျနိုင်ငံသား ပီတာ ဂရက်စ် (Peter Greste)၊ အီဂျစ် ကနေဒီယန်း မိုဟာမက် ဖာမီ (Mohamed Fahmy) နဲ့ အီဂျစ်နိုင်ငံသား ဘာဟာ မိုဟာမက် (Baher Mohamed) တို့ဖြစ်ကြပါတယ်။ အဲဒီထဲက အီဂျစ်နိုင်ငံသား မိုဟာမက်ကို နောက်ထပ်အမှုတစ်ခု နဲ့ ပြစ်ဒဏ်သုံးနှစ်ပိုချခဲ့ပါတယ်။

အယ်ဂျာဇီးယားကတော့ သူ့ ဝန်ထမ်းတွေကို စွဲဆိုမှုတွေဟာ မမှန်ပါဘူး လို့ အမြဲ ငြင်းဆိုခဲ့ပါတယ်။ ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး မိုစတာဖာ ဆိုရက် ( Mostefa Souag) က ပြစ်ဒဏ်အတွက် တုန်လှုပ်ခြောက်ခြားကြောင်း၊ အယ်ဂျာဇီးယားအနေနဲ့ သူ့ သတင်းထောက်တွေကို လွှတ်ဖို့ နိုင်ငံတကာ ကမ်ပိန်းတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

စွဲဆိုမှုတွေမှာ သက်သေ အထောက်အထား တစ်ခုမှမရှိဘဲ ပြစ်ဒဏ်ချမှတ်ခဲ့တာ၊ အဓိပ္ပာယ်ရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်သင့်တာက စွဲဆိုထားတာတွေကို ပယ်ဖျက်ဖို့ပါပဲ- လို့ အယ်ဂျာဇီးယား အင်္ဂလိပ်ပိုင်း သတင်းဌာန စီမံခန့်ခွဲမှု ဒါရိုက်တာ အယ် အန်စတေး (Al Anstey) က ပြောပါတယ်။

သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျုလီ ဘစ်ရှော့(Julie Bishop) က ဒီ ပြစ်ဒဏ် ချခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အီဂျစ်က ပြောဆိုနေတဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေပြီဆိုတာနဲ့ မကိုက်ညီပါဘူးလို့ ပြောပါတယ်။

အီဂျစ်မှာ လက်ရှိ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နေသလဲ ဆိုတာ ပြန်ပြီးသုံးသပ်ဖို့ အီဂျစ်အစိုးရသစ်ကို သြစတေးလျ အစိုးရအနေနဲ့ တိုက်တွန်းလိုက်ကြောင်းလည်း သူက ပြောပါတယ်။
XS
SM
MD
LG