သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်ယာန်တွေကို IS ခေါင်းဖြတ်သတ်မှု အီဂျစ်၊ လစ်ဗျား လက်တုံ့ပြန်


လစ်ဗျားနိုင်ငံထဲမှာ ဖမ်းဆီးထားခံရပြီးတဲ့နောက် IS စစ်သွေးကြွတွေ အသတ်ခံလိုက်ရတဲ့ အီဂျစ်နိုင်ငံသားခရစ်ယာန်ဘာသာဝင်တွေအတွက် ပူဆွေးငိုကြွေးနေသူများ။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅)
လစ်ဗျားနိုင်ငံထဲမှာ ဖမ်းဆီးထားခံရပြီးတဲ့နောက် IS စစ်သွေးကြွတွေ အသတ်ခံလိုက်ရတဲ့ အီဂျစ်နိုင်ငံသားခရစ်ယာန်ဘာသာဝင်တွေအတွက် ပူဆွေးငိုကြွေးနေသူများ။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅)

လစ်ဗျားနိုင်ငံမှာ ဓါးစာခံအဖြစ်အဖမ်းခံနေရတဲ့ အီဂျစ်နိုင်ငံသား ကောပ်တစ် ခရစ်ယာန် ၂၁ ဦးကို IS အစ္စလာမ် စ်သွေးကြွတွေက ခေါင်းဖြတ်သတ်တာကို လက်စားချေတဲ့အနေနဲ့ အီဂျစ်နဲ့လစ်ဗျား စစ်လေယာဉ်တွေဟာ လစ်ဗျားအရှေ့ပိုင်းက စစ်သွေးကြွတွေရှိရာနေရာကို တနင်္လာနေ့မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုခွေကို IS စစ်သွေးကြွတွေ ထုတ်ပြန်လိုက်ပြီး သိပ်မကြာခင်မှာပဲ Darna မြို့က IS စစ်သွေးကြွတွေရဲ့ စခန်းတွေနဲ့ လက်နက် သိုလှောင်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အီဂျစ်သမ္မတ Abdel Fattah el-Sissi က ဒါဟာ IS စစ်သွေးကြွတွေရဲ့မနှစ်မြို့စရာ အကြမ်းဖက်လုပ်ရပ်လို့ ခေါ်ဆိုလိုက်ပြီး ဒီလုပ်ရပ်အတွက် ‘လက်တုံ့ပြန်သွားမှာ’ ဖြစ်ကြောင်း ရုပ်သံမိန့်ခွန်းမှာ ကတိပေးလိုက်ပါတယ်။

"ဒါကို အီဂျစ်နိုင်ငံက လက်တုံ့ပြန်နိုင်ခွင့်ရှိသလို လူမဆန်တဲ့ ဒီလူသတ်သမားတွေ ရာဇဝတ်ကောင်တွေကို လက်စားချေဖို့ သင့်တော်မယ့် လုပ်နည်း လုပ်ဟန်ရော အချိန်ကာလကိုပါ ကြည့်နေပါတယ်။” လို့ အီဂျစ်သမ္မတက ပြောပါတယ်။

မစ္စတာ Sissi ဟာ အီဂျစ်နိုင်ငံက ထင်ရှားတဲ့ ခရစ်ယာန် ဘုရားကျောင်းကိုသွားရောက်ပြီး ကောပ်တစ် ရဟန်းမင်ကြီးနဲ့ ခရစ်ယာန်အသိုင်းအဝိုင်းကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ Sissi ဟာ ပြင်သစ်သမ္မတ Francois Hollande နဲ့ တနင်္လာနေ့မှာ တယ်လီဖုံး ဆက်သွယ်ပြောကြားခဲ့ပြီး IS အစ္စလန်မစ် စစ်သွေးကြွအဖွဲ့ရဲ့ အန္တရာယ်ကိုရင်ဆိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပုံစံအသစ်နဲ့ အရေးယူလုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG