သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲကန့်ကွက်သူ ဖမ်းဆီးဖို့ အီဂျစ်စစ်တပ်ကိုအမိန့်ပေး


အကြမ်းဖက်မှုနှိမ်နင်းရေး အီဂျစ်ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များကို သမ္မတအိမ်တော်ဝင်းအနီးတွင် တွေ့ရစဉ်။
အကြမ်းဖက်မှုနှိမ်နင်းရေး အီဂျစ်ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များကို သမ္မတအိမ်တော်ဝင်းအနီးတွင် တွေ့ရစဉ်။
အီဂျစ်နိုင်ငံမှာ စနေနေ့ ကျင်းပမဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲ အတွက် လုံခြုံရေးအခြေအနေထိမ်းသိမ်းဖို့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး သမ္မတ မော်စီက အီဂျစ်အစိုးရစစ်တပ်ကို ပြည်သူတွေကို ဖမ်းဆီးထောင်ချအရေးယူခွင့် အာဏာပေးအပ်လိုက်ပါတယ်။

ဒီအမိန့် ကျေညာချက်အရ အီဂျစ်နိုင်ငံရဲ့အဓိက အဖွဲ့အစည် ကြီးတွေကို အကာအကွယ်ပေးရာမှာ အီဂျစ်စစ်တပ်က ရဲတပ်ဖွဲ့ကို ကူညီပြီး အကာအကွယ် ပေးရမှာ ဖြစ်ပါတယ်။ အီဂျစ် နိုင်ငံရဲ့ သဘောထားပျော့ပြောင်းတဲ့ ညွန့်ပေါင်းအဖွဲ့ ကတော့ သမ္မတ မော်စီရဲ့ အစ္စလာမ် မဟာမိတ်တွေ အကြီးအကျယ် လွှမ်းမိုးပုံဖော်ထားတဲ့ အခြေခံဥပဒေသစ်အတွက် သမ္မတမော်စီ စီစဉ်ထားတဲ့ ဆန္ဒခံယူပွဲ ကို လက်မခံဘဲပယ်ချလိုက်ပါတယ်။

တနင်္ဂနွေနေ့ကထုတ်တဲ့ ကျေညာချက်မှာအခြေခံဥပဒေမူကြမ်းဟာ လုူများစုဖြစ်တဲ့ အီဂျစ်ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ အမျိုးသားကယ်ဆယ်ရေးတပ်ဦး ရဲ့ပြောခွင့်ရသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအခြေခံဥပဒေမူကြမ်းကို ဆက်ပြီးလူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုရင် တိုင်းပြည်ထဲမှာ ပိုပြီး ပြင်းထန်တဲ့သဘောထားကွဲလွဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့သူကပြောဆိုပါတယ်။

ညွန့်ပေါင်း အဖွဲ့ကတော့ ဆန္ဒခံယူပွဲကို ဆန့်ကျင်ဆန္ဒပြပွဲတွေ အင်္ဂါနေ့မှာ ကျင်းပမယ်လို့ ပြောဆိုပါတယ်။ မူဆလင်ညီအကိုတော်အဖွဲ့အနေနဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒမဲရယူနိုင်စွမ်းရှိတာကြောင့် အီဂျစ်ရဲ့အခြေခံဥပဒေသစ်ကို အတည်ပြုနိုင်မဲ့ အခွင့်အရေးများတယ် လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
XS
SM
MD
LG