သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွါးခဲ့တာ ၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ ဒီမိုကရေစီမျှော်လင့်ချက်တော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ လာမယ့်မတ်လမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိပေမယ့်လဲ သမ္မတ Sisi ရဲ့ပြိုင်ဘက် ၆ ယောက်တို့ နောက်ဆုတ်သွားပြီးတဲ့နောက် ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အတိုက်အခံတွေက ဆော်သြနေကြပါတယ်။ VOA သတင်းထောက် Mohamed Elshinnawi ရဲ့သတင်းလွှာကို အခြေခံပြီး ဦးကျော်ဇံသာက ပြောပြပါမယ်။

လွန်ခဲ့သော ၇ နှစ်က ထောင်ပေါင်းများစွာတော့ အီဂျစ်ပြည်သူတွေ သမ္မတ Hosni Mubarak ကို လမ်းပေါ်ထွက် ဆန္ဒပြပြီးကြတဲ့နောက် ပထမဆုံး ဒီမိုကရေစီ အရပ်သားအစိုးရ တက်လာချိန်ကစလို့ နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်ခဲ့ကြတာပါ ဒါပေမဲ့ ဒီနှစ်ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလတွေ နှုတ်ထွက်သွားကြပါတယ်။ လက်ရှိသမ္မတ Abdel Fattah el- Sissi က ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် အတိုက်အခံတွေရဲ့ အစီအစဉ်ကို လုံးဝ သည်းညည်းခံလိမ့်မယ်မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး el- Sissi ဟာ ရွေးကောက်ခံသမ္မတ Mohamed Morsi ကို ဖြုတ်ချ အာဏာသိမ်းပြီး ၂၀၁၄မှာရွေးကောက်ပွဲနိုင်တဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ မီဒီယာဖိနှိပ်ချုပ်ချယ်မှုတွေ ပိုများပြားလာခဲ့ပြီး ဒီမိုကရေစီမျှော်လင့်ချက်လည်း မှေးမှီန်သွားခဲ့ပါတယ်။

Shadi Hamid ဟာ Washington Brookings Institution က သုတေသီ တဦးဖြစ်ပါတယ်။

"နိုင်ငံရေးအခင်းအကျင်းကို လက်ရှိအစိုးရက ပိတ်ပင်ထားသမျှတော့ လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေပဲ ဆက်လက်တည်ရှိနေပါလိမ့်အုံးမယ်။ လူများသူကိုကိုယ်စားပြုတယ်ဆိုတဲ မျက်နှာဖုံးဟာလဲ မျက်နှာဖုံးမျှသာ ဖြစ်နေအုံးမှာပါ။"

ဒီသီတင်းပတ်အတွင်း လာမယ့် မတ်လ ၂၆-၂၈ မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကို သပိတ်မှောက်ဖို့ အတိုက်အခံအုပ်စုအများအပြားက ဆော်သြနေကြပါတယ်။ ယှဉ်ပြိုင်မယ်ဆိုတဲ့သူ ခြောက်ယောက်လည်းပဲ နှုတ်ထွက်သွားခဲ့ကြပါပြီ Sissi နဲ့ယှဉ်ပြိုင်ဖို့ တဦးတည်းကျန်ရစ်သူကတော့ တချိန်က သူ့ကိုထောက်ခံခဲ့တဲ့ Ghad ပါတီခေါင်းဆောင် Mousa Mustapha Mousa ဖြစ်ပါတယ်။

သမ္မတSissi က သူဟာ စစ်မှန်တဲ့ရွေးကောက်ပွဲကိုလိုချင်တယ်လို့ ပြောနေပေမဲ့ သူများနဲ့ယှဉ်ပြိုင်ရမှာကို မလိုလားဘူးလို့ ဝါရှင်တန်အခြေစိုက် အရှေ့အလယ်ပိုင်း ဒီမိုကရေစီ စီမံကိန်းသုတေသန ညွှန်ကြားရေးမှူးAmy Hawthorne က ဆိုပါတယ်။

"၀င်ရောက်ယှဉ်ပြိုင်မယ့်သူ အများအပြားက စစ်တပ်ကလာတယ်ထားအုံးတော့ Sissiအနေအထားကို ပိုမို ခြိမ်းခြောက် သလိုတောင် ဖြစ်လာနိုင်တဲ့အတွက် အီဂျစ်အာဏာပိုင်တွေက နည်းမျိုးစုံသုံးပြီး ဒီလူတွေကို မရေမရာတဲ့အကြောင်းပြချက်တွေနဲ့ တားဆီးမယ်၊ သူတို့အပေါ် ထောက်ခံသူတွေကိုလဲ ခြိမ်းခြောက်ဖိအားပေးပြီး ၀င်မြိုင်မယ့်သူတွေနှုတ်ထွက်သွားအောင် လုပ်မှာပါပဲ။"

ဒါပေမဲ့ သူ့အနေနဲ့ အတိုက်အခံတွေကို နှိမ်နှင်းနေစရာတောင် မလိုပါဘူး။ တကယ်တမ်းသူနဲ့ယှဉ်ပြိုင်မယ့်Mousa ဆိုတာဟာ မျှတတဲ့ရွေးကောက်ပွဲ ဖြစ်တယ်ဆိုရုံလောက် ပြသဖို့ ရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။

တခါ Sissi ဟာ တရားစီရင်ရေးအပါအဝင် တရားရုံးတခုလုံးကိုလည်း ချုပ်ကိုင် ထားပြီးဖြစ်ပါတယ်။ သူ့ရဲ့ပါလီမန်ကလည်း လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်နဲ့ အရပ်သားအဖွဲ့အစည်းတွေကို ဒဏ်ခတ်မယ့်ဥပဒေတွေကို ပြဌာန်းပေးပြီးဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဒီမိုကရေစီဆိုတာ မဖြစ်နိုင်ဘူးလို့ အမေရိကန် Long Island တက္ကသိုလ် နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခDalia Fahmyက ပြောပါတယ်။

"ပြည်တွင်းမှာ နိုင်ငံရေးပွင့်လင်းမှုရှိဖိုလိုအပ်ပါတယ်။ အစိုးရနဲ့သဘောကွဲသူတွေ နိုင်ငံရေးပါတီကလူတွေ စုရုံးနိုင်ခွင့်ရှိရပါလိမ့်မယ်။ နိုင်ငံရေးယှဉ်ပြိုင်ခွင့်ပေးရမယ်။ ဒါတွေထက်ပိုအရေးကြီးတာက လွတ်လပ်ပြီးမှန်ကန်တက်ကြွတဲ့ မီဒီယာတွေရှီနေဖို့လိုအပ်ပါတယ်။"

အဲ့ ဒီပြသနာရဲ့ နောက်အစိတ်အပိုင်းတခုကတော့ ဒေသတွင်းနဲ့ အနောက်နိုင်ငံ အစိုးရတွေက Sissiအပေါ် သည်းညည်းခံနေကြခြင်းဖြစ်တယ်လို့Dalia Fahmyက ဆက်ပြောပါတယ်။

"နိုင်ငံတကာကလဲ ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရကို ထိထိရောက်ရောက် ဖိအားပေးဖို့ လိုအပ်ပါတယ်။ လူထုကိုတဖက်ကမြှောက်ပေးလိုက် အခြားတဖက်မှာ အစိုးရကိုနောက်တမျိုးပြောလိုက် လုပ်နေလို့မရပါဘူး။"

လက်ရှိအမေရိကန်အစိုးရဟာဆိုရင် အရှေ့အလယ်ပိုင်းဒီမိုကရေစီထွန်းကားရေးကို စိတ်ပါဝင်စားမှု မရှိသလောက်ပဲလို့ သုံးသပ်သူတွေထဲ တချို့က ဆိုနေကြသလို အရှေ့အလယ်ပိုင်းပြသနာမှာ နှစ်ပေါင်းများစွာ ပါဝင်ရလွန်းလို့ အနောက်တိုင်းတွေဟာ ခြေကုန်လက်ပမ်းကျနေပြီလို့ မှတ်ချက်ချတဲ့သူတွေလည်း ရှိပါတယ်။ အဓိကကတော့ ဒီအရှေ့အလယ်ပိုင်းဒေသမှာ အာဏာရှင်အစိုးရတွေ ကမှ တည်ငြိမ်မှုကို ဖန်တီးပေးနိုင်တာဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေအနေနဲ့က ကြည့်ရင် ဒါဟာ ယာယီပြေလည်မှုဖြစ်တယ်ဆိုပြီး လက်ခံထားကြတာလည်းဖြစ်မယ်လို့ သုံးသပ်နေကြကြောင်းပါခင်ဗျာ။

အီဂျစ်နိုင်ငံ ဒီမိုကရေစီ အလားအလာ
please wait

No media source currently available

0:00 0:03:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG