သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီသီယိုးပီးယား အမှိုက်ပုံပြိုမှု ၄၅ ဦးထက်မနည်းသေ


အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့တော် အပြင်ဘက်မှာရှိတဲ့ ကြီးမားတဲ့ အမှိုက်ပုံးကြီး စနေနေ့က ပြိုကျမှုကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေနေစဉ် (မတ်လ ၁၂ ရက် ၂၀၁၇)
အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့တော် အပြင်ဘက်မှာရှိတဲ့ ကြီးမားတဲ့ အမှိုက်ပုံးကြီး စနေနေ့က ပြိုကျမှုကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေနေစဉ် (မတ်လ ၁၂ ရက် ၂၀၁၇)

အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့တော် အပြင်ဘက်မှာရှိတဲ့ ကြီးမားတဲ့ အမှိုက်ပုံကြီး စနေနေ့က ပြိုကျမှုကြောင့် လူပေါင်း ၄၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားလည်း ပျောက်ဆုံးနေကြောင်းအီသီယိုးပီးယား အာဏာပိုင်တွေကပြောပါတယ်။

သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြပြီး သူတို့တွေဟာ Koshe အမှိုက်ပုံမှာ ပြန်ရောင်းစားလို့ရနိုင်မယ့် စွန်ပစ်ပစ္စည်းတွေကို နေ့စဉ်လာရောက် တူးဖေါ်ရှာဖွေနေသူတွေဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။

တောင်လို ပုံနေတဲ့ အမှိုက်ပုံကြီး ပြိုကျမှုဟာ အရမ်းကို မြန်ဆန်တဲ့အတွက် သေဆုံးသူတွေအနေနဲ့ ထွက်ပြေးချိန်မရလိုက်ဘူးလို့ မျက်မြင်သက်သေတွေကပြောပါတယ်။ အမှိုက်ပုံဝန်းကျင်မှာ လူပေါင်း ၃၀၀ လောက်မှီခိုနေထိုင်ကြောင်း ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး နေ့စဉ် လူပေါင်းရာနဲ့ချီပြီးလည်း စားဝတ်နေရေးအတွက် အဲဒီအမှိုက်ပုံမှာ ရှာဖွေနေကြတာဖြစ်ပါတယ်။

Koshe အမှိုက်ပုံဟာ လူဦးရေ လေးသန်းလောက်ရှိတဲ့ စီးပွားရေးဖွံဖြိုးတိုးတက်နေတဲ့ Addis Ababa မြို့က အမှိုက်တွေစွန့်ပစ်တဲ့နေရာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက မြို့ရဲ့ အဓိက အမှိုက်စွန့်ပစ်တဲ့နေရာတခုဖြစ်ခဲ့ပါတယ်။

အီသီယိုးပီးယား အမှိုက်ပုံပြိုမှု ၄၅ ဦးထက်မနည်းသေ
please wait

No media source currently available

0:00 0:00:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG