မအိအိဖြူ ဟာ အမေရိကန်သမ္မတဟောင်း George W. Bush ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ရဲ့ ၂၀၁၇ ကျောင်းဆင်းတဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တနှစ်ကြာ ဒီခေါင်းဆောင်မှုသင်တန်းအတွက် တိုင်းရင်းသားနယ်မြေတွေမှာ ကလေးသူငယ်တွေရဲ့ပညာရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့ပြီးနောက် ဇွန်လ၂၆ ရက်ကTexas ပြည်နယ် Dallas မြို့ရှိ Bush Center မှာကျောင်းဆင်းခဲ့တဲ့မြန်မာလူငယ်ခေါင်းဆောင် ၂၀ အနက် မအိအိဖြူ လဲပါဝင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ မအိအိဖြူ နဲ့တွေ့ဆုံမေးမြန်းထားတာကို ဒီသတင်းပါတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။