သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း အစ်ပွဲတော် ဆင်နွှဲ


ကမ္ဘာတဝန်း အစ်ပွဲတော် ဆင်နွှဲ
ကမ္ဘာတဝန်း အစ်ပွဲတော် ဆင်နွှဲ

အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လ ကုန်ဆုံးတဲ့ အထိမ်းအမှတ် ၃ ရက်ကြာ အားလပ်ရက် အစ်နေ့ကို ကမ္ဘာအဝန်းက မွတ်ဆလင်တွေ ဆင်နွှဲနေကြပါတယ်။

အီဂျစ်၊ ဆီးရီးယားနဲ့ အာရပ်တလွှားက နိုင်ငံတွေက အစ္စလာမ် ဘာသာဝင်တွေဟာ ဘုရားကျောင်းတွေမှာ စုဝေး ဝတ်ပြု ဆုတောင်းရင်းနဲ့ အစ် အားလပ်ရက်ကို ကျင်းပနေကြတာပါ။

ရုရှား၊ တူရကီနဲ့ အာဖဂန်နစ္စတန် စတဲ့ အာရပ်တိုင်းပြည် မဟုတ်တဲ့ နေရာက မွတ်ဆလင်တွေဟာလည်း အခု အင်္ဂါနေ့ကို အစ်နေ့အဖြစ် ကျင်းပနေကြပါတယ်။

ကမ္ဘာ့ မွတ်ဆလင်ဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဘာသာရေး အာဏာပိုင်တွေက အစ်နေ့ကို ဗုဒ္ဓဟူးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

ဗေဒပညာရှင်တွေ၊ မွတ်ဆလင် ပညာတတ်တွေနဲ့ တခြား ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ညှိနှိုင်းပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့ကို အစ်နေ့အဖြစ်နဲ့ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဘာသာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပါကစ္စတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ တောင်အာရှ နိုင်ငံတွေမှာလည်း အစ်နေ့ကို ဗုဒ္ဓဟူးနေ့ကျမှ ကျင်းပ ပြုလုပ်ကြမှာပါ။

အမေရိကန် သမ္မတ အိုဘားမား (Barack Obama) ကတော့ မွတ်ဆလင် ကမ္ဘာကို အစ်နေ့ နှုတ်ခွန်းဆက်အမှာ ပေးပို့ပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ သမ္မတရဲ့ ကြေညာချက်မှာ မွတ်ဆလင် အတော်များများဟာ ရာမာဒန် ဥပုသ်လကို ကျော်ဖြတ်နေရင်းနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအတွက် သတ္တိရှိရှိနဲ့ ရင်ဆိုင် ကြိုးပမ်းနေကြပါတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG