သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပါအဝင် Eid ပွဲတော် မဆင်နွှဲနိုင်သူတွေကို ကန်သမ္မတ အမှတ်ရစကားဆို 


အမေရိကန်သမ္မတ Joe Biden ကို  Eid al-Fitr ပွဲတော်ကျင်းပမယ့် အိမ်ဖြူတော်အရှေ့ဆောင်မှာ တွေ့ရစဉ်။ (မေ ၂၊ ၂၀၂၂) 
အမေရိကန်သမ္မတ Joe Biden ကို  Eid al-Fitr ပွဲတော်ကျင်းပမယ့် အိမ်ဖြူတော်အရှေ့ဆောင်မှာ တွေ့ရစဉ်။ (မေ ၂၊ ၂၀၂၂) 

[[Zawgyi/Unicode]]


ရိုဟင်ဂျာနဲ့ ဝှီဂါတွေအပါအဝင် Eid ပွဲတော်ကို မဆင်နွှဲနိုင်တဲ့ မူဆလင်တွေနဲ့ ငတ်မွတ်မှု၊ အကြမ်းဖက်မှု ပဋိပက္ခတွေ၊ ရောဂါဘယတွေနဲ့ ရင်ဆိုင်နေရတဲ့သူအားလုံးအတွက် Eid al-Fitr အခါသမယမှာ အောက်မေ့ အမှတ်တရဖြစ်ရတယ်လို့ သမ္မတ Joe Biden က မနေ့က အိမ်ဖြူတော်မှာကျင်းပတဲ့ Eid ပွဲတော်မှာ ပြောဆိုသွာပါတယ်။
အစ္စလမ်ဘာသာဝင်တွေရဲ့ ရမ်မန်ဒန် ဥပုသ်ရာသီကုန်ဆုံးတဲ့ Eid al-Fitr ပွဲတော် ကို မနေ့က သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့ အိမ်ဖြူတော်မှာ ကျင်းပခဲ့ကြတာပါ။

“ဥပုသ်သီလ ဆောက်တည်မှုကတဆင့် တခြားသူတွေရဲ့ ဒုက္ခတွေအပေါ် စာနာမှုကို မွတ်ဆလင်တွေ ပြသခဲ့ကြပါတယ်။ ကမ္ဘာကြီးနဲ့ အတိဒုက္ခရောက်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့နေရာဖြစ်ဖို့ ရက်ရက်ရောရော ပေးလှူကြဖို့ ခိုင်မာတဲ့ သန္နိဌာန်ကို ချမှတ်ခဲ့ကြတာတွေ တွေ့မြင်ခဲ့ရပါတယ်...” လို့ သမ္မတ Joe Biden ပြောဆိုသွားပါတယ်။

သမ္မတအိမ်ဖြူတော်မှာ မူဆလင်ဘာသာဝင်တွေကို ဖိတ်ကြားပြီး အိဒ်ပွဲတော် အခမ်းအနား ကျင်းပတဲ့အစဉ်အလာ အရင်ကလည်း ဆယ်စုနှစ်ချီ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သမ္မတဟောင်း Donald Trump လက်ထက်ကတော့ ဒီလို အခမ်းအနားတွေ ကျင်းပတာ ရပ်နားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလိုပဲ ကမ္ဘာတဝှမ်းက အစ္စလမ်ဘာသာဝင်တွေ ရမ်မန်ဒန် ဥပုသ်လ ကုန်ဆုံးတဲ့ Eid al-Fitr ပွဲတော်တွေ ကျင်းပနေပြီး ဝတ်ပြုဆုတောင်းပွဲနဲ့ အခမ်းအနားတွေ ကျင်းပနေကြပါတယ်။ မူဆလင်နိုင်ငံတွေကြား လထွက် တာကို ကြည့်ပြီး အိဒ်ပွဲတော်ကျင်းပတဲ့နေ့ သတ်မှတ်တာဖြစ်တဲ့အတွက် တနိုင်ငံနဲ့ တနိုင်ငံ ပွဲတော်သတ်မှတ်တဲ့ရက်တော့ မတူပါဘူး။

အိန္ဒိယနိုင်ငံက မူဆလင်တွေ၊ အီရတ်နိုင်ငံက Shiites မူဆလင်တွေလည်း မနေ့က Eid al-Fitr ပွဲတော်နဲ့ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








==============

XS
SM
MD
LG