[[Zawgyi/Unicode]]
ဂ်ပန္အေနာက္ေတာင္ပိုင္း ကမ္းလြန္ပင္လယ္ျပင္မွာ ဗုဒၶဟူးေန႔ ဇန္နဝါရီ ၂၄ ရက္ ညသန္းေခါင္ဝန္းက်င္မွာ နစ္ျမဳပ္သြားတဲ့ ကုန္တင္သေဘာၤေပၚက တခ်ဳိ႔ကို ကယ္တင္ႏိုင္ထားေပမဲ့ အဲဒီသေဘၤာမွာ ပါတဲ့ ျမန္မာ ၈ ေယာက္စလံုးေတာ့ ေပ်ာက္ဆံုးေနဆဲျဖစ္ပါတယ္။
ကနဦးသတင္းေတြအရ သေဘာၤသားေလးဦးကို ဂ်ပန္ကမ္း႐ိုးတန္းအေစာင့္တပ္ဖြဲ႔က ကယ္တင္ထားႏိုင္ၿပီး ၁၈ ဦးကို ရွာေဖြေနဆဲ ျဖစ္ပါတယ္လို႔ ဂ်ပန္ႏိုင္ငံက သတင္းေတြမွာ ေဖာ္ျပပါတယ္။ တန္ခ်ိန္ ၆,၆၅၁ တန္ရွိတဲ့ သေဘၤာဟာ ေဟာင္ေကာင္မွတ္ပံုတင္ျဖစ္ၿပီး သေဘာၤသား တ႐ုတ္ ႏုိင္ငံသား ၁၄ ေယာက္နဲ႔ ျမန္မာႏုိင္ငံသား ၈ ေယာက္တို႔ လိုက္ပါလာတာပါ။ သေဘာၤေပၚကေန အဂၤါေန႔ ေဒသစံေတာ္ခ်ိန္ ၁၁ နာရီ ၁၅ မိနစ္မွာ အေရးေပၚအကူအညီေတာင္းတာ လက္ခံရေၾကာင္း ဂ်ပန္ ကမ္း႐ိုးတမ္းေစာင့္အဖြဲ႔က ေျပာပါတယ္။
“မနက္ ၇ နာရီ၊ ၁၄ မိနစ္မွာ တ႐ုတ္ႏုိင္ငံသားေလးေယာက္ကို ကယ္ဆယ္ႏိုင္ခဲ့ေပမယ့္ က်န္တဲ့ ၁၈ ေယာက္ကိုေတာ့ ရွာေဖြေနဆဲ” ျဖစ္ေၾကာင္း ေျပာခြင့္ရအမ်ဳိးသမီးက AFP သတင္းဌာန ကို ေျပာပါတယ္။
“ေလယာဥ္တစင္းက အခင္းျဖစ္တဲ့ေနရာကို ခ်က္ခ်င္းလိုက္သြားခဲ့တယ္၊ သေဘၤာႏွစ္စင္းလည္း လိုက္သြားတယ္လို႔ ေျပာခြင့္ရသူက ေျပာပါတယ္။ လူ ၄ ဦးကို အနီးပတ္ဝန္းက်င္မွာ ရွိေနတဲ့ ပုဂၢလိကသေဘၤာတစင္းက ကယ္တင္လိုက္ႏိုင္တာပါ။ သူတို႔က သေဘၤာမနစ္ခင္မွာ အသက္ကယ္ေလွထဲ တက္လိုက္ႏိုင္တာျဖစ္တယ္လို႔ ကယ္တင္လိုက္ႏိုင္တဲ့ သေဘၤာက လူေတြက ကမ္းေျခေစာင့္တပ္ဖြဲ႔ကို ေျပာပါတယ္။
သေဘၤာနစ္ျမဳပ္သြားတဲ့ေနရာဟာ ဂ်ပန္ႏိုင္ငံရဲ႕ အေနာက္ေတာင္ဘက္ ေဝးလံၿပီး လူမေနတဲ့ ဒန္ဂ်ဳိကၽြန္းစုရဲ႕အေနာက္ဘက္ ၆၅ မုိင္အကြာမွာျဖစ္လို႔ သြားလာေရးခက္ခဲပါတယ္။ သေဘၤာက ဆက္တလိုက္ဖံုးနဲ႔ အေရးေပၚအကူအညီလွမ္းေတာင္းေတာ့ သူတို႔သေဘၤာ တိမ္းေစာင္းေနၿပီ၊ ေမ်ာေနတယ္လို႔ ေျပာေၾကာင္းလည္း ကမ္းေျခေစာင့္တပ္က ေျပာပါတယ္။
ဂ်ပန္ႏုိင္ငံရဲ႕ တခ်ဳိ႕ေနရာေတြမွာ အေအးလြန္ကဲၿပီး ႏွင္းေတြထူထူထပ္ထပ္က်ခ်ိန္ျဖစ္ၿပီး အခင္းျဖစ္တဲ့ေနရာနဲ႔ အနီးဆံုးကၽြန္းတခ်ဳိ႕မွာဆိုရင္ ေန႔ခင္းအပူခ်ိန္ဟာ ၃ ဒီဂရီ ဆင္တီဂရိတ္၊ (၃၇ ဒီဂရီ ဖာရင္ဟုိက္) ေလာက္ပဲ ရွိပါတယ္။
============
[[Unicode]]
ဂျပန်ကမ်းလွန်မှာ နစ်တဲ့သင်္ဘော မြန်မာ ၈ ဦး ပျောက်ဆုံး
ဂျပန်အနောက်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၂၄ ရက် ညသန်းခေါင်ဝန်းကျင်မှာ နစ်မြုပ်သွားတဲ့ ကုန်တင်သဘောၤပေါ်က တချို့ကို ကယ်တင်နိုင်ထားပေမဲ့ အဲဒီသင်္ဘောမှာ ပါတဲ့ မြန်မာ ၈ ယောက်စလုံးတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ကနဦးသတင်းတွေအရ သဘောၤသားလေးဦးကို ဂျပန်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့က ကယ်တင်ထားနိုင်ပြီး ၁၈ ဦးကို ရှာဖွေနေဆဲ ဖြစ်ပါတယ်လို့ ဂျပန်နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။ တန်ချိန် ၆,၆၅၁ တန်ရှိတဲ့ သင်္ဘောဟာ ဟောင်ကောင်မှတ်ပုံတင်ဖြစ်ပြီး သဘောၤသား တရုတ် နိုင်ငံသား ၁၄ ယောက်နဲ့ မြန်မာနိုင်ငံသား ၈ ယောက်တို့ လိုက်ပါလာတာပါ။ သဘောၤပေါ်ကနေ အင်္ဂါနေ့ ဒေသစံတော်ချိန် ၁၁ နာရီ ၁၅ မိနစ်မှာ အရေးပေါ်အကူအညီတောင်းတာ လက်ခံရကြောင်း ဂျပန် ကမ်းရိုးတမ်းစောင့်အဖွဲ့က ပြောပါတယ်။
“မနက် ၇ နာရီ၊ ၁၄ မိနစ်မှာ တရုတ်နိုင်ငံသားလေးယောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန်တဲ့ ၁၈ ယောက်ကိုတော့ ရှာဖွေနေဆဲ” ဖြစ်ကြောင်း ပြောခွင့်ရအမျိုးသမီးက AFP သတင်းဌာန ကို ပြောပါတယ်။
“လေယာဉ်တစင်းက အခင်းဖြစ်တဲ့နေရာကို ချက်ချင်းလိုက်သွားခဲ့တယ်၊ သင်္ဘောနှစ်စင်းလည်း လိုက်သွားတယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။ လူ ၄ ဦးကို အနီးပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပုဂ္ဂလိကသင်္ဘောတစင်းက ကယ်တင်လိုက်နိုင်တာပါ။ သူတို့က သင်္ဘောမနစ်ခင်မှာ အသက်ကယ်လှေထဲ တက်လိုက်နိုင်တာဖြစ်တယ်လို့ ကယ်တင်လိုက်နိုင်တဲ့ သင်္ဘောက လူတွေက ကမ်းခြေစောင့်တပ်ဖွဲ့ကို ပြောပါတယ်။
သင်္ဘောနစ်မြုပ်သွားတဲ့နေရာဟာ ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက် ဝေးလံပြီး လူမနေတဲ့ ဒန်ဂျိုကျွန်းစုရဲ့အနောက်ဘက် ၆၅ မိုင်အကွာမှာဖြစ်လို့ သွားလာရေးခက်ခဲပါတယ်။ သင်္ဘောက ဆက်တလိုက်ဖုံးနဲ့ အရေးပေါ်အကူအညီလှမ်းတောင်းတော့ သူတို့သင်္ဘော တိမ်းစောင်းနေပြီ၊ မျောနေတယ်လို့ ပြောကြောင်းလည်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ တချို့နေရာတွေမှာ အအေးလွန်ကဲပြီး နှင်းတွေထူထူထပ်ထပ်ကျချိန်ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာနဲ့ အနီးဆုံးကျွန်းတချို့မှာဆိုရင် နေ့ခင်းအပူချိန်ဟာ ၃ ဒီဂရီ ဆင်တီဂရိတ်၊ (၃၇ ဒီဂရီ ဖာရင်ဟိုက်) လောက်ပဲ ရှိပါတယ်။