သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

El Chapo ကို အမေရိကန်ထံ လွှဲပေးနိုင်


မက္ကဆီကိုနိုင်ငံမှာ ဖမ်းမိထားတဲ့ မူးယစ်ရာဇာ Joaquin El Chapo Guzman ကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးဖို့ မက္ကဆီကိုအစိုးရက လိုလားနေတယ်လို့ အမည်မဖော်လိုသူ မက္ကဆီကိုအရာရှိတွေက စနေနေ့မှာ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် ၂၀၁၄ ခုနှစ်က နောက်ဆုံးတကြိမ် ဖမ်းမိခဲ့တုန်းက မက္ကဆီကိုအစိုးရရဲ့ ရပ်တည်ချက်ကနေ သိသိသာသာ ပြောင်းလဲသွားတာလည်း ဖြစ်ပါတယ်။

လုံခြုံရေး အတင်းကျပ်ဆုံး မက္ကဆီကိုအကျဉ်းထောင်တခုကနေ ဇူလိုင်လက မူးယစ်ရာဇာ ဂုဇ်မန်း ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အတွက်လည်း သူ့ကို လွှဲပြောင်းပေးဖို့ တောင်းခံထားတဲ့ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့ကြား အဆင်မပြေတာတွေလည်း ဖြစ်ခဲ့ရတာပါ။

အမေရိကန်ကို လွှဲပြောင်းရေးလုပ်ငန်းစဉ်ဟာ လနဲ့ချီ ကြာမြင့်နိုင်သလို၊ မူးယစ်ရာဇာ ဂုဇ်မန်းရဲ့ ရှေ့နေတွေကလည်း တောင်းဆိုချက်ကို ခုခံချေပမယ်လို့ မျှော်လင့်ရပါတယ်။

မူးယစ်ရာဇာ ဂုဇ်မန်း ကိုတော့ သူ့ရဲ့ဇာတိ ဆီနာလိုအာပြည်နယ်ထဲက လော့စ် မိုချိစ်မြို့မှာ သောကြာနေ့က ပြန်လည် ဖမ်းမိခဲ့ပြီးနောက် အယ်တီပလာနို အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

နာရီအတော်ကြာ အချိန်မှာပဲ - တီရှပ်အပြာနဲ့ အားကစားဘောင်းဘီရှည် ဝတ်ဆင်ထားတဲ့ ဂုဇ်မန်းကို ကျည်ကာ ဗန်ကားတစင်းကနေ ထောင်ကိုပို့ဆောင်မယ့် ရဟတ်ယာဉ်ပေါ် ပြောင်းတင်ခဲ့တာကိုလည်း သတင်းထောက်တွေကို ပြသခဲ့ပါတယ်။

XS
SM
MD
LG