သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဂိုဏ်းခေါင်းဆောင် El Chapo နယူးရောက် တရားရုံး ပြစ်မှု ထင်ရှားတွေ့ရှိ


မက္ကဆီကန် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် Joaquin El Chapo Guzman ဟာ မူးယစ်ကုန်ကူးမှုအပြင် တခြား ပတ်သတ်နေတဲ့ စွဲချက်တွေနဲ့ New York မြို့ တရားရုံးက အဂါၤနေ့က ပြစ်မှုထင်ရှာကြောင်း တွေ့ရှိခဲ့ပါတယ်။

စွဲချက် ၁၀ ခုစလုံးနဲ့ ပတ်သက်ပြီး ဂျူရီခုံရူံးအဖွဲ့ဝင်တွေက ၆ရက်ကြာ အမှုကို ကြားနာခဲ့ပြီးတဲ့နောက် ထောင်ဒဏ်တသက်အထိ စီရင်ချက်ချခံရမဲ့ အလားလာ နဲ့ သူ့ကို ပြစ်မှုထင်ရှားတွေ့ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ၃ လအကြာ အမှုစစ်ဆေးခြင်းပြီးဆုံးခဲ့ခြင်းဟာ ကမ္ဘာမှာ အကြီးဆုံးနဲ့ အမြတ်အများဆုံးရတဲ့ မူးယစ်ဆေးဂိုဏ်းဖြစ်တဲ့ Sinaloa မူးယစ်ဆေးဂိုဏ်း မှာ Guzman ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗဟိုအစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။

အသက် ၆၁ နှစ်အရွယ် Guzman ဟာ နောက်ထပ်ထောင်က ထွက်ပြေးဖို့ မကြိုးစားနိုင်အောင် အမေရိကန်ပြည်ထောင်စုရှိ လုံခြုံရေး အတင်းကြပ်ဆုံးထောင်ကို အပို့ခံရဖို့ရှိပါတယ်။ ၂၀၁၇ က အမေရိကန် ပြည်ထောင်စုကို Guzman ကို လွဲှပြောင်း မအပ်နှံမှီ သူ ဟာ Mexico အကျဉ်းထောင်တွေက ၂ ကြိမ်တိုင် ထွက် ပြေးလွှတ်မြောက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မူးယစ်ဆေးဂိုဏ်းအနေနဲ့ ဒေါ်လာ ဘီလီယံ ပေါင်း များစွာ တန်ဖိုးရှိတဲ့ ကိုကင်းဘိန်းဖြူ၊ methamphetamine နဲ့ marijuana ဆေးခြောက် တန်ချိန်ပေါင်းများစွာကို အမေရိကန်ပြည်ထောင်စုအတွင်းကို ခိုးသွင်းခဲ့ပုံကို ရှင်းပြဖို့ သက်သေပေါင်း၅၀ ကျော်တို့ကို ဗဟို အစိုးရ ရှေ့နေတွေက တရားရုံးမှာ ထွက်ဆိုစေခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG