သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒီယားနားပြည်နယ် အထင်ကရပုဂ္ဂိုလ်အဖြစ် ချင်းတိုင်းရင်းသား Elaisa Vahnie ဂုဏ်ပြုခံရ 


နှစ် ၅၀ အတွင်း ကမ္ဘာ့ရေးရာဆိုင်ရာခေါင်းဆောင်မှု ဆောင်ရွက်သူများအယောက် ၅၀ စာရင်းမှာပါဝင်သူ Indianapolis မြို့က မြန်မာ-အမေရိကန်လူမှုရေးအသင်း (BACI) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ချင်းတိုင်းရင်းသား Elaisa Vahnie (Photo crd: Elaisa Vahnie's fb)
နှစ် ၅၀ အတွင်း ကမ္ဘာ့ရေးရာဆိုင်ရာခေါင်းဆောင်မှု ဆောင်ရွက်သူများအယောက် ၅၀ စာရင်းမှာပါဝင်သူ Indianapolis မြို့က မြန်မာ-အမေရိကန်လူမှုရေးအသင်း (BACI) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ချင်းတိုင်းရင်းသား Elaisa Vahnie (Photo crd: Elaisa Vahnie's fb)


{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရဲ့ လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း ကမ္ဘာ့ရေးရာခေါင်းဆောင်မှု ဆောင်ရွက်သူများအယောက် ၅၀ စာရင်းမှာ Indianapolis မြို့က မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ချင်းတိုင်းရင်းသား Elaisa Vahnie လည်း ဂုဏ်ပြုခံရပါတယ်။ ဒါဟာ မြန်မာ-အမေရိကန်တွေအပေါ် အသိအမှတ်ပြုခံရတာဖြစ်ပြီး မြန်မာ့အရေး ဆောင်ရွက်ရာမှာ အထောက်အကူပို ဖြစ်တယ်လို့ Elaisa Vahnie က ဗွီအိုအေကို ပြောပါတယ်။

“ မြန်မာ-အမေရိကန်အသိုင်းအဝန်းရဲ့ ကောင်းကျိုးတင်မကဘဲ ပြည်တွင်းဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးပါ အားလုံး ပါဝင်ပူး‌ပေါင်း ဆောင်ရွက်နိုင်တယ်” လို့ Elaisa Vahnie က ပြောပါတယ်။

“အမေရိကန်ကွန်ဂရက်ကလည်း ကျနော်တို့ အသံတွေကို နားထောင်လာတယ်။ အခု Burma Act အက် (၂၀၂၂) အောင်မြင်သွားတာဟာလည်း ဒီဟာတွေကြောင့်ပဲလို့ ပြောရရင် မမှားဘူးလို့ ကျနော်ထင်ပါတယ်။”

မြန်မာ-အမေရိကန် ချင်းတိုင်းရင်းတဦး ပြည်နယ်ရဲ့ အထင်ကရအဖြစ် ဒီလို အမည်စာရင်းပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က “သူ့ အကြောင်း သိသူတွေအနေနဲ့ အံ့သြစရာမရှိဘူးလို့” သူ့ရဲ့လူမှုကွန်ရက် တွစ်တာမှာ ရေးသားခဲ့ပါတယ်။ Elaisa Vahnie ဟာ မြန်မာ-အမေရိကန်အသိုင်းအဝန်းတင်မကဘဲ အင်ဒီးယားနားပြည်နယ်တခုလုံးအတွက် အထင်ကရဖြစ်တယ်လို့ ဝါရင့် လွှတ်တော်အမတ်က ဆိုပါတယ်။

Todd Young ဟာ ဆီးနိတ် အထက်လွှတ်တော် နိုင်ငံခြားရေးဌာန ကော်မတီဝင်တဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ရှေ့တန်းကပါဝင်ဆောင်ရွက်နေသူဖြစ်သလို အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) အောက်က BURMA (Burma Unified through Rigorous Military Accountability) Act - ဘားမားဥပဒေ (၂၀၂၂) ကို လွှတ်တော်မှာ ပါတီကြီး နှစ်ခုလုံးက သဘောတူအတည်ပြုနိုင်ဖို့ အကူအညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပထဝီနိုင်ငံရေးအရ မြန်မာ့ဒီမိုကရေစီအရေးဟာ အမေရိကန်ပြည်ထောင်စု အတွက်အရေးပါပြီး အခုလို မြန်မာ-အမေရိကန်တွေ ပိုမို အသိအမှတ်ပြုခံလာရရင် အမေရိကန်ရဲ့မူဝါဒပိုင်း၊ ငွေကြေးပိုင်းနဲ့ ရပ်တည်ပံ့ပိုးပေးမှုဆိုင်ရာတွေ အတွက် ပိုပြီး တွန်းအားပေးလုပ်ဆောင်သွားနိုင်မှာဖြစ်တယ်လို့လည်း Elaisa Vahnie က ဗွီအိုအေကို ဖြည့်စွက် ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}








XS
SM
MD
LG