သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝှမ်း မြန်မာတွေ မဲပေး

Voters line up in crowds at a polling site to cast their ballots, Nov. 8, 2016, in the Flatbush section of Brooklyn in New York.
1/13 Voters line up in crowds at a polling site to cast their ballots, Nov. 8, 2016, in the Flatbush section of Brooklyn in New York.
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
2016 Election Massachusetts Voting
2/13 2016 Election Massachusetts Voting
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
Voters fill out their forms at a polling station in the Brooklyn borough of New York, Nov. 8, 2016.
3/13 Voters fill out their forms at a polling station in the Brooklyn borough of New York, Nov. 8, 2016.
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
2016 Election Indiana Voting
4/13 2016 Election Indiana Voting
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
2016 Election Massachusetts Voting
5/13 2016 Election Massachusetts Voting
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
2016 Election Kaine
6/13 2016 Election Kaine
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
7/13
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
8/13
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
USA Election 2016
9/13 USA Election 2016
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
USA Election 2016
10/13 USA Election 2016
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
USA Election New York
11/13 USA Election New York
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
2016 Election New York Voting
12/13 2016 Election New York Voting
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
US Time Zones
13/13 US Time Zones
အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။
Previous slide
Next slide

Democratic ပါတီသမ္မတလောင်း Hillary Clinton နဲ့ Republican ပါတီတို့ကြား ဘယ်သူ့ကို သမ္မတအဖြစ်ရွေးချယ်မလဲဆိုတာကို အမေရိကန်ပြည်သူတွေ မဲပေးရွေးချယ်နေကြပါပြီ။ ဒီတခေါက် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခဲ့ကြတဲ့နေရာမှာ သမ္မတလောင်း ၂ ယောက်ကြား ချပြခဲ့တဲ့ မူဝါဒတွေ၊ ရွေးကောက်ပွဲကတိတွေဟာ တော်တော်လေးကို ကွဲပြားခဲ့ပါတယ်။ ဒါကြောင့် သမ္မတရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြတဲ့ မြန်မာနွယ်ဘွား အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဘယ်လိုအချက်တွေကို အခြေခံစဉ်းစားပြီး သမ္မတဖြစ်မယ့်သူကို ရွေးချယ်ခဲ့ကြသလဲဆိုတာကို မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ဒီမိုကရက် Hillary Clinton ကိုရွေးချယ်မှာလား Republican Donald Trump ကိုရွေးချယ်မလားဆိုတာ အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲအတွက် အခုအသံလွှင့်နေချိန်အထိ အနောက်ဖက်ခြမ်းပြည်နယ်တွေမှာ မဲပေးနေကြဆဲဖြစ်ပါတယ်။ ဒီတခေါက်ရွေးကောက်ပွဲမှာ ထူးခြားခဲ့တာက သမ္မတလောင်း ၂ ယောက်ကြားချပြခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ မူဝါဒတွေဟာ တော်တော်ကို ကွဲပြားခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ မူဝါဒ၊ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေမှာ ဆန့်ကျင်ဘက်သဘောထားတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒီတော့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သမ္မတကိုမဲပေးတဲ့နေရာမှာ ဘယ်လိုအချက်တွေကို အခြေခံ ရွေးချယ်ခဲ့ကြသလဲဆိုတာကိုသိရဖို့ မဲပေးခဲ့တဲ့ မြန်မာနွယ်ဘွား အမေရိကန်နိုင်ငံသားတချို့ကိုဆက်သွယ် မေးကြည့်ထားပါတယ်။ သမ္မတလောင်း ၂ ယောက်လုံး မဲပေးခဲ့ကြပြီး ၂ ယောက်လုံးကလည်း ရွေးကောက်ပွဲအောင်ပွဲခံကြဖို့ ပြင်ဆင်ထားရာ New York ပြည်နယ် New York မြို့က ကိုကျော်ဇေကို ရွေးကောက်ပွဲမှာ မဲပေးတဲ့ အတေ့ွအကြုံကနေ ပထမဆုံး စပြီးမေးထားပါတယ်။

" ကျနော် မနက်ကတော့ Queens မှာသွားပြီး မေးပေးခဲ့ပါတယ်။ မဲပေးတဲ့သူများတယ်။ မဲပေးတဲ့သူ များတယ်။ ကျနော်တို့နေတဲ့နေရာက Immigrants တွေများတော့ mix ပေါ့နော် အဖြူရော အမည်းရော အထူးသဖြင့် အာရှက လူတွေ များတာပေါ့နော်။ တွေ့တာတော့ လူငယ်ပိုင်း၊ လူလတ်ပိုင်း၊ လူကြီးပိုင်း အကုန်အစုံလာကြပါတယ်။

မေး။ ။ အခု ဒီတခေါက် ဘယ်သူ့ကို သမ္မတအဖြစ် ရွေးမယ်ဆိုတာ ကိုယ့်အတွက် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချလို့ရလား။ ဘယ်လိုအချက်တွေကို အခြေခံပြီး သမ္မတလောင်းကိုတော့ မဲထည့်တယ်ဆိုတာ ပြောပြပါရှင့်။

ဒီတခေါက်ကတော့ ရွေးရတာလွယ်တယ်။ အစဉ်အလာအရဆိုရင် ကျနော်က ရီပတ်ပလင်ကန်ကို ထောက်ခံခဲ့တဲ့သူ၊ ဒါပေမဲ့ ဒီရီပတ်ပလင်ကန်က ဝင်ပြိုင်တဲ့ Candidate ပေါ့နော်။ သူ့ကိုထောက်ခံဖို့အတွက်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ဒါကြောင့် ဒီမိုကရက်က Candidate ဖြစ်တဲ့ ဟီလာရီကိုပဲ ကျနော် မဲပေးခဲ့တယ်။ ဆုံးဖြတ်ချက်က ဘယ်လိုပေါ် မူတည်သလဲဆိုရင် ဟီလာရီရဲ့ အတွေ့အကြုံ၊ အပြစ်ကင်းတဲ့နိုင်ငံရေးသမားတော့ မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် ပိုပြီးလမ်းကြောင်းမှန်တဲ့နေရာကို သွားမယ့်သူဆိုလို့သူပဲရှိလို့။"

New York မြို့က ကိုကျော်ဇေလိုပဲ Hillary Clinton ရဲ့ မူဝါဒတွေကို သဘောကျလို့ မဲပေးခဲ့သူနောက်တယောက်ကတော့ California ပြည်နယ် San Mateo မြို့က မစန္ဒာရွှေပါ။

"ရောက်သွားတဲ့အချိန်ကတော့ ၉နာရီလောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများကြီးတော့ မရှိဘူး။ ဒါပေမဲ့ ခဏတော့စောင့်ရတယ်။ လိုင်းစီ စောင့်ရတယ်ဆိုတော့ အသက်ကြီးတဲ့သူတွေက Electric System နဲ့ပေးတာကို မကျွမ်းဝင်တဲ့အတွက်ကြောင့်မို့လို့ မဲပေးဖို့ကို ခဏလေးစောင့်ရတာတော့ ရှိတယ်ပေါ့နော်။ တခြားတော့ အခက်အခဲမရှိပါဘူး။ "

မေး။ ။ ဒီနေ့ရွေးချယ်ရတဲ့သမ္မတလောင်းကို ရွေးချယ်ရမှာ သူ့ကို ခက်ခက်ခဲခဲ ရွေးချယ်ရသလား။ ပြီးတော့ ဘယ်လိုမျိုးအချက်တွေကို ကြည့်ပြီး သူ့ကိုရွေးချယ်သလဲဆိုတာ သိပါရစေ။

"သမ္မတလောင်းကို ရွေးချယ်ရာမှာ သိပ်တော့ ခက်ခက်ခဲခဲတော့ မရှိပါဘူး။ ကျမကတော့ ဟီလာရီကလင်တန်ကို မဲပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပေါ်လစီတွေက ကျမတို့ Immigrants တွေအတွက် ပိုပြီးတော့ အဆင်ပြေလိုက်မယ်။ ပြီးတော့ သူ့ရဲ့ပေါ်လစီတွေကို ကြိုက်တဲ့အတွက်ကို ဟီလာရီကလင်တန်ကိုပဲ သမ္မတအဖြစ် မဲပေးခဲ့တာပဲ။ အဓိက ကတော့ သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ ဒေါနယ်လ်ထရမ့်ရဲ့ ပေါ်လစီတွေက နည်းနည်းလေး အစွန်းရောက်တဲ့ဟာတွေရှိနေတယ်လို့ မြင်မိတဲ့ အတွက်ကြောင့် ပြီးတဲ့အခါကျတော့ ဒီနိုင်ငံခြားရေးမူဝါဒတွေကလည်း တခါတလေကျတော့ သူပြောသလောက်မလွယ်ဘူးပေါ့နော် တကယ်တမ်းကျတော့ အလုပ်တွေကို ဒီမှာ ပြန်ယူတဲ့အခါကျတော့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာတခုကို ယူပြီးတော့ လုပ်ရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်။

ဟီလာရီကလင်တန်မှာလည်း အလုပ်သမားရေးရာပိုင်းပေါ့နော် ပြီးတော့ အလုပ်တွေ ဒီနိုင်ငံမှာ ပြန်ပြီးဖြစ်နိုင်ရန်အတွက် လုပ်ဆောင်တဲ့အပိုင်းမှာ သူ့အနေနဲ့ သူ့ရဲ့ပေါ်လစီတွေနဲ့ လုပ်နိုင်တယ်လို့ ယူဆတဲ့အတွက် ဟီလာရီကလင်တန်ကို Vote ခဲ့တာဖြစ်ပါတယ်လို့ ဒါ့အပြင် အဖြူ၊ အမည်း အရှေ့အနောက် မခွဲခြားပဲနဲ့ တန်းတူဆက်ဆံတဲ့နေရာမှာလည်း ဟီလာရီကလင်တန်က ပိုပြီးတော့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်တဲ့အတွက်ကြောင့် ဟီလာရီကလင်တန်ကို မဲပေးခဲ့ခြင်းဖြစ်ပါတယ်။"

အမေရိကန်ဟာ အလုပ်ကြိုးစားသူတိုင်း အကျိုးခံစားခွင့်ရှိတဲ့နိုင်ငံဖြစ်ရမယ်လို့ Hillary Clinton ကသူ့ရဲ့မဲဆွယ်ပွဲတွေမှာ ပြောခဲ့ပါတယ်။ Donald Trump ကတော့ သူသာသမ္မတဖြစ်လာခဲ့ရင် ဒုက္ခသည်တွေကို လက်ခံမှာမဟုတ်ဘူး။ အမေရိကန်နဲ့ မက်ဆီကိုနယ်စပ်မှာ တရားမဝင်လူတွေ ဝင်မလာနိုင်အောင် တံတိုင်းဆောက်မယ်လို့ ပြောခဲ့တာပါ။

ဒီလိုလူဝင်မှုကြီးကြပ်ရေး ဆိုင်ရာပိုင်းမှာ တော်တော်ကို မူကွဲခဲ့တဲ့အချက်က အမေရိကန်မှာ လာရောက်အခြေချ နေထိုင်ကြသူ မဲဆန္ဒရှင်တွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်မှုရှိခဲ့ပါတယ်။ Illinois ပြည်နယ် Chicago မြို့မှာ ၄ နာရီလောက်ကြာအောင် တန်းစီစောင့်ပြီး မဲပေးခဲ့တဲ့ ကိုအောင်မြတ်မျိုးအတွက်က ဒီအချက်က အဓိကဖြစ်တယ်လို့ ခုလိုပြောပါတယ်။

" ကျနော်က မြန်မာပြည်ရောက်လာကတည်းက ပထမဆုံးအကြိမ်မဲပေးခွင့်ရခဲ့တာပါ။ ကျနော်ကတော့ ဟီလာရီကလင်တန်ကို ရွေးချယ်ပြီး မဲပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံက လာပြီး အခြေချတဲ့လူတယောက်အနေနဲ့ အလုပ်ရဖို့တို့ ပညာသင်ခွင့်ရဖို့တို့ အကုန်လုံး ဒီတိုင်းပြည်ရဲ့ ဥပဒေ၊ တခြားနိုင်ငံသားတွေ၊ တခြားလူတွေအတွက် ဥပဒေ တွေကောင်းလို့ ကျနော် ဒီနေရာကို ရောက်ခဲ့တာလေ။ အဲ့ဒီ့ဥပဒေတွေကို ကောင်းအောင် လုပ်ပေးမယ်လို့ ကတိပေးထားတဲ့ ဟီလာရီကလင်တန်ကိုပဲ မဲပေးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်လာမယ့် တခြားနိုင်ငံက လာမယ့် Immigrants တွေလည်း ဒီလိုမျိုးဥပဒေတွေကြောင့်ပဲ ပိုပြီးတော့ ကောင်းစေမယ်လို့ ထင်ပါတယ်။"

လက်ရှိသမ္မတ Barack Obama တက်လာချိန် 2008 ခုနှစ်ဟာ အမေရိကန်မှာ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ စီးပွားရေးဟာ ပြန်လည် တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေကိုရောက်နေပါပြီ။ Republican သမ္မတလောင်း Donald Trump ကသူသာ သမ္မတဖြစ်လာခဲ့ရင် စီးပွားရေးကျဆင်းမှုဒဏ်ခံနေရသူတွေအတွက် အလုပ်အကိုင်တွေဖန်တီးပေးမယ်။ တရုတ်နိုင်ငံလို အလုပ်သမားခသက်သာတဲ့နိုင်ငံတွေကိုရောက်နေတဲ့ အမေရိကန်စီးပွားရေးတွေ နိုင်ငံထဲ ပြန်ရောက်အောင် လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။ ဒီကတိအပြင် IS စစ်သွေးကြွတွေကို အမြတ်ပြတ်အောင် ရှင်းမယ်လို့ Trump ရဲ့ပြောကြားချက်ကို သဘောကျတဲ့အတွက် Trump ကိုရွေးချယ်ခဲ့သူတွေထဲက တယောက်ကတော့ Nevada ပြည်နယ် Las Vegas မြို့မှာ နေထိုင်တဲ့ ဦးဆန်းထွန်းနီဖြစ်ပါတယ်။

" မဲပေးဖို့ စဉ်းစားတဲ့အခါကျတော့ ဟီလာရီကလင်တန်ကိုရော ဒေါနယ်ထရမ့်ကိုရော နှစ်ယောက်စလုံးကို ကျနော်က ဟိုးအရင်တုန်းက မဲပေးခဲ့ရသလို စံချိန်မှီလို့ ကျနော် မတွက်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဟီလာရီကလင်တန်အနေနဲ့ကလည်း နည်းနည်းလေး ခပ်ပျော့ပျော့လေး လွန်ခဲ့တဲ့ ၈နှစ်ကတည်းက လေ့လာကြည့်ရသလောက်တော့ သူက ပြတ်ပြတ်သားသား သိပ်မရှိပါဘူး။ နည်းနည်းပျော့တယ်။ ဒေါ်နယ်ထရမ့်ကျတော့ သူဟာလေးနဲ့သူ တက်လာတယ်။ သူကတော့ အရင်ကတော့ မော်ဒယ်လ်လေးတွေနဲ့ ဘာလေးတွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တွက်ကြည့်တဲ့အခါကျတော့ ဒီမိုကရက် ၈နှစ်ပြီးတဲ့အချိန်မှာ အပြောင်းအလဲလေးကို လည်း တကယ်လည်း လိုချင်ပါတယ်။ နောက်တခုက IS ကို အပြတ်နှိမ်နှင်းမယ်ဆိုတဲ့ကိစ္စရယ်၊ နောက်ပြီး တိုင်းပြည်ကို ပြန်ပြီး ချမ်းသာအောင် လုပ်မယ်ဆိုတဲ့ကိစ္စရယ် အဓိက နှစ်ချက်နဲ့ ကျနော်က ပြန်ပြီးတော့ ရွေးလိုက်တဲ့အခါကျတော့ ကျနော် ဒေါနယ်လ်ထရမ့်ကိုပဲ ကျနော်မဲပေးခဲ့ပါတယ်။"

ကမ္ဘာမှာ သြဇာအရှိန်အဝါအကြီးဆုံး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သိပ်ကိုအရေးကြီးပါတယ်။ မဲဆွယ်စည်းရုံးမှုတွေအတွင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း တယောက်ဖြစ်တဲ့ Hillary Clinton ဖက်က သူကျင့်သုံးနိုင်တဲ့ နိုင်ငံခြားရေးမူဝါဒအကြောင်း ရှင်းပြတာမျိုး ရှိခဲ့ပေမဲ့ Donald Trump အနေနဲ့ကတော့ ပြတ်ပြတ်သားသား ပြောထားတာမျိုးမရှိပါဘူး။ California ပြည်နယ် Orange County ကနေ မဲပေးခဲ့တဲ့ ကိုညီညီက သူသမ္မတရွေးချယ်တဲ့နေရာမှာ ဒီကိစ္စကို အဓိက စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။

" Candidate ကတော့ ကျနော်ကတော့ ဟီလာရီကလင်တန်ကိုပဲ ရွေးလိုက်ပါတယ်။ အဓိက ကတော့ သူ့ကို အရမ်းကြိုက်လွန်းလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒေါနယ်လ်ထရမ့်ထက်စာရင်တော့ သူက ပိုပြီးတော့ အသိညဏ်ရှိမယ်လို့တော့ ထင်တာပဲလေ။ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ဝါရင့်တယ်ဆိုတော့ အမှားလုပ်ဖို့ နည်းတယ်လို့ ဆုံးဖြတ်ပြီးတော့ ပေးတာပါ။

မေး။ ။ တခြား နိုင်ငံရေးအပြင် တခြားကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နိုင်တဲ့ ကိစ္စမျိုးတွေမှာရော ဘယ်လိုစဉ်းစားလဲ။

" တခြားစဉ်းစားတဲ့အကြောင်းရင်းကတော့ ဒေါနယ်ထရမ့်တက်လို့ရှိရင် တခြားတိုင်းပြည်တွေနဲ့ မပြေလည်မှာ စိုးရိမ်တခုပဲ အဲ့တာကတော့ ဟီလာရီကလင်တန်နဲ့ဆို ပိုပြီးတော့ အဆင်ပြေမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒီ့ပြင်တိုင်းပြည်တွေနဲ့လည်း နဂိုကတည်းက ဆက်သွယ်ရှိထားဖူးတဲ့သူဆိုတော့ တိုင်းပြည်အတွက် ပြသနာ ဖြစ်စရာ မရှိပါဘူး အဲ့တာကြောင့်ပါ။"

အခုကြားခဲ့တာတွေကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာနွယ်ဘွားတချို့ရဲ့ သဘောထားတွေဖြစ်ပါတယ်။ မကြာခင်နာရီပိုင်းအတွင်းမှာပဲ ဘယ်သူကသမ္မတအဖြစ် အနိုင်ရတယ်ဆိုတဲ့ အဖြေထွက်လာတော့မှာဖြစ်တဲ့အတွက် သမိုင်းဝင် ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာမလား၊ နိုင်ငံရေးနောက်ခံမရှိတဲ့ စီးပွားရေးသမားကြီးက သမ္မတဖြစ်လာမလားဆိုတာ သိရတော့မှာဖြစ်ပါတယ်။

အမေရိကန်တဝှမ်း မြန်မာတွေ မဲပေး
please wait

No media source currently available

0:00 0:08:33 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG