သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွန့်ပစ်လျှပ်စစ်ပစ္စည်း စံချိန်တင်အောင်များနေ


လျှပ်စစ် စွန့်ပစ်ပစ္စည်း
လျှပ်စစ် စွန့်ပစ်ပစ္စည်း

ပြီးခဲ့တဲ့နှစ်အတွင်း လျှပ်စစ် စွန့်ပစ်ပစ္စည်းတွေကို စံချိန်တင်ပမာဏနဲ့ စွန့်ပစ်ခဲ့ကြတယ်လို့ ကုလသမဂ္ဂတက္ကသိုလ် အစီရင်ခံစာ တခုကပြောလိုက်ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း လျှပ်စစ် စွန့်ပစ်ပစ္စည်းပမာဏဟာ တန်ချိန် ၄၁.၈ သန်းရှိပါတယ်။ ဆဲလ်ဖုန်းတွေ၊ ရေခဲသေတ္တာတွေ၊ အဝတ် လျှော်စက်တွေနဲ့ တခြားအိမ်သုံးလျှပ်စစ်ပစ္စည်းအများစုပါဝင်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ကမ္ဘာတဝန်းမှာ စွန့်ပစ်ခဲ့ကြတာပါ။ အဲဒီထဲ က ခြောက်ပုံတပုံတောင်မရှိတဲ့ ပမာဏကိုပဲ ပြန်အသုံးပြုနိုင်ဖို့ စနစ်တကျစွန့်ပစ်ခဲ့တယ်လို့ ကုလသမဂ္ဂ ပညာရေးနဲ့ သုတေသန ဌာနခွဲကပြုစုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့က အများဆုံး စွန့်ပစ်ကြပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ သဘာဝပတ်ဝန်းကျင်ရေးရာ သတိထား လုပ်ဆောင်တယ်လို့ ယူဆတဲ့ နိုင်ငံတွေဟာ လူတဦးချင်းစွန့်ပစ်နှုန်းမှာ အမြင့်ဆုံးဖြစ်ပါတယ်။ အဲဒီထဲမှာ နော်ဝေးနိုင်ငံ ထိပ်ဆုံးကပါပြီး သူ့နောက်မှာ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ ဒိန်းမတ်နဲ့ ဗြိတိန်နိုင်ငံတွေ ပါဝင်ပါတယ်။

စွန့်ပစ်လိုက်တဲ့ပစ္စည်းတွေထဲမှာ ရွှေ၊ ငွေ၊ သံနဲ့ ကြေးသတ္တုတွေပါဝင်ပြီး စုစုပေါင်းတန်ဘိုး အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ ရှိတယ်လို့ အစီရင်ခံစာက ပြောပါတယ်။

ကမ္ဘာတဝန်း လျှပ်စစ် စွန့်ပစ်ပစ္စည်းပမာဏဟာ ၂၀၁၈ ခုနှစ်မှာ တန်ပေါင်း သန်း ၅၀ ထိ ရှိသွားမယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ပြောထားပါတယ်။

XS
SM
MD
LG