အမေရိကန်နိုင်ငံတော် တရားရုံးချုပ်မှာ တရားသူကြီး ၉ ဦးအနက် ၁ ဦးအဖြစ် သမ္မတ အိုဘားမား က အမည်တင်သွင်းခဲ့သူ Elena Kagan (အယ်လီနာ ကေဂန်) ကို အမေရိကန်အထက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါ တယ်။ ကေဂန် ဟာ အမေရိကန်နိုင်ငံတော် တရားရုံးသက်တမ်းမှာ စတ္တုတ္ထမြောက် အမျိုးသမီး နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးဖြစ်မယ့်အပြင် လက်ရှိ နိုင်ငံတော်တရားရုံးချုပ်မှာတော့ တတိယမြောက် အမျိုးသမီး တရားသူကြီးဖြစ်မှာပါ။ အကြောင်းစုံကိုတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။