သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဒေသတချို့ မီးပြန်လာ


တနိုင်ငံလုံးနီးပါး မီးအားပြတ်တောက်စဉ် ဖုရောင်းတိုင်မီးနဲ့ ဈေးရောင်းဝယ်နေကြစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၄)
တနိုင်ငံလုံးနီးပါး မီးအားပြတ်တောက်စဉ် ဖုရောင်းတိုင်မီးနဲ့ ဈေးရောင်းဝယ်နေကြစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် Dhaka နဲ့ တခြားမြို့ကြီးတွေမှာ မီးမရဘဲ လုံးဝအမှောင်ဖုံးသွားစေတဲ့ နိုင်ငံတဝှမ်း လျှပ်စစ်ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ၁၂ နာရီအကြာမှာတော့ တချို့ နေရာတွေမှာ မီးပြန်ရလာပြီဖြစ်ပါတယ်။ စနေနေ့ ညပိုင်းမှာ ဒက္ကာမြို့က တချို့နေရာ တွေမှာ မီးပြန်လာခဲ့တဲ့အတွက် အော်ဟစ်ပျော်ရွှင်သံတွေ ကြားနေရပါတယ်။ တနင်္ဂနွေ အစောပိုင်းလောက်မှာ အားလုံး မီးပြန်ရနိုင်မယ်လို့ မျှော်လင့်ရကြောင်း တာဝန်ခံအရာရှိတွေက ပြောပါတယ်။

အခုလို မီးပြတ်သွားတာဟာ အိန္ဒိယနိုင်ငံဘက်က သွယ်ယူတဲ့ လျှပ်စစ်လိုင်းမှာ မီးအား ပြတ်တောက်တာကြောင့်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အပြစ်တင်ပါတယ်။ တချို့ကတော့ အခုလို မီးပြတ်သွားတာဟာ ပြည်ပက တင်သွင်းတဲ့လျှပ်စစ်ကို နိုင်ငံတွင်း မီးလိုင်းတွေမှာ သွယ်ပေးတဲ့ ဓာတ်အားပေး စက်ရုံတွေမှာ စက်ပျက်လို့ဖြစ်တာလို့ ပြောပါတယ်။

အခုလို မီးပြတ်သွားတဲ့အတွက် ဗလီဝတ်ကျောင်းတွေက တနေ့ကို ၅ ကြိမ် ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်တဲ့ အသံချဲ့စက်တွေက အသံတွေ တိတ်သွားခဲ့တဲ့အပြင် မော်တာနဲ့မောင်းတင်ရတဲ့ ရေပေးဝေမှုမှာလည်း ထိခိုက်စေခဲ့ပါတယ်။

ဒါဟာ ၂၀၀၇ ခုနှစ်ကစပြီး နိုင်ငံတွင်း အဆိုးဝါးဆုံး မီးအား ပြတ်တောက်မှုတခု ဖြစ်ပါတယ်။ အဲဒီအချိန်က အားပြင်းဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် နာရီအတော်ကြာ မီးပြတ်ခဲ့တာပါ။

XS
SM
MD
LG