သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမွာ ႐ု႐ွားအထူးတပ္ဖြဲ႔ေတြ အထိနာေန (ၿဗိတိန္ ကာကြယ္ေရးဌာန)


Russian Defence Minister Sergei Shoigu and General Sergei Surovikin visit the Joint Headquarters of the Russian armed forces, in an unknown location


ယူကရိန္းႏိုင္ငံမွာ ႐ု႐ွားရဲ႕ အမာခံအထူးတပ္ဖြဲ႔ဟာ ဆုံး႐ႈံးမႈကို သိသိသာသာခံစားခဲ့ရေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ဒီကေန႔မွာ ေျပာၾကားပါတယ္။

Donetsk (ဒြန္ညက္စ္) ေဒသ Vuhledar အပိုင္းဘက္ကရ႐ွိတဲ့ ဓာတ္ပုံေတြအရ ႐ု႐ွားေရတပ္ ၁၅၅ က ျဖစ္ႏိုင္တဲ့ ယာဥ္ေတြ ထိခိုက္ပ်က္စီးေနတာေတြကို ျပသေနတယ္လို႔ ေနာက္ဆုံးရ ေထာက္လွမ္းေရးအခ်က္ေတြကို ကိုကားၿပီး ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ဆိုပါတယ္။

႐ု႐ွားေရတပ္ရဲ႕ ေျခလ်င္တပ္ေတြဟာ အထူးေလ့က်င့္ထားသူေတြျဖစ္ၿပီး ျပင္းထန္တဲ့ စစ္ပြဲေတြမွာ နည္းဗ်ဴဟာေျမာက္ အသုံးျပဳဖို႔အတြက္ တာဝန္ေပးအပ္ခံထားရသူေတြ ျဖစ္ပါတယ္။ သူတို႔ရ႐ွိတဲ့ အေထာက္အထားေတြအရ ဒီတပ္ဖြဲ႔မွာ ေသဆုံး ဒဏ္ရာရမႈေတြ မ်ားေနတာေတြ႔ရတယ္လို႔လည္း ၿဗိတိန္က ေျပာပါတယ္။

ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေနာက္ဆုံးတင္ထားတဲ့ အခ်က္အလက္ေတြအရ ႐ု႐ွားတပ္ဖြဲ႔ေတြရဲ႕ စြမ္းေဆာင္ရည္ဟာ က်ဆင္းေနၿပီး အေၾကာင္းအရင္းကလည္း အေတြ႔အၾကဳံ မ႐ွိသူေတြနဲ႔ အင္အားျဖည့္ထားတာျဖစ္တယ္လို႔ ေရးသားထားပါတယ္။

ဒီအေတာအတြင္း တႏွစ္တင္းတင္း ျပည့္လာၿပီးျဖစ္တဲ့ ယူကရိန္းအေပၚ က်ဴးေက်ာ္စစ္နဲ႔ ပတ္သက္လို႔ ႐ု႐ွားကို ပိတ္ဆို႔အေရးယူမႈအသစ္ေတြ ခ်မွတ္ဖို႔ ဥေရာပသမဂၢက စေနေန႔က သေဘာတူလိုက္ပါတယ္။

==== Unicode ====

ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ အမာခံအထူးတပ်ဖွဲ့ဟာ ဆုံးရှုံးမှုကို သိသိသာသာခံစားခဲ့ရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားပါတယ်။

Donetsk (ဒွန်ညက်စ်) ဒေသ Vuhledar အပိုင်းဘက်ကရရှိတဲ့ ဓာတ်ပုံတွေအရ ရုရှားရေတပ် ၁၅၅ က ဖြစ်နိုင်တဲ့ ယာဉ်တွေ ထိခိုက်ပျက်စီးနေတာတွေကို ပြသနေတယ်လို့ နောက်ဆုံးရ ထောက်လှမ်းရေးအချက်တွေကို ကိုကားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှားရေတပ်ရဲ့ ခြေလျင်တပ်တွေဟာ အထူးလေ့ကျင့်ထားသူတွေဖြစ်ပြီး ပြင်းထန်တဲ့ စစ်ပွဲတွေမှာ နည်းဗျူဟာမြောက် အသုံးပြုဖို့အတွက် တာဝန်ပေးအပ်ခံထားရသူတွေ ဖြစ်ပါတယ်။ သူတို့ရရှိတဲ့ အထောက်အထားတွေအရ ဒီတပ်ဖွဲ့မှာ သေဆုံး ဒဏ်ရာရမှုတွေ များနေတာတွေ့ရတယ်လို့လည်း ဗြိတိန်က ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တွစ်တာစာမျက်နှာမှာ နောက်ဆုံးတင်ထားတဲ့ အချက်အလက်တွေအရ ရုရှားတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ဟာ ကျဆင်းနေပြီး အကြောင်းအရင်းကလည်း အတွေ့အကြုံ မရှိသူတွေနဲ့ အင်အားဖြည့်ထားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီအတောအတွင်း တနှစ်တင်းတင်း ပြည့်လာပြီးဖြစ်တဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ရုရှားကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ဥရောပသမဂ္ဂက စနေနေ့က သဘောတူလိုက်ပါတယ်။

XS
SM
MD
LG