ပြီးခဲ့တဲ့နောက်ဆုံးတခေါက် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ခင်ပွန်းသည် ဂျွန် အက်ဝပ်ဒ် ရဲ့ စည်းရုံးရေးကာလတလျှောက်မှာ လူသိများလာတဲ့ အဲလိဇဘက် အက်ဝပ်ဒ် ဟာ ဒီဇင်ဘာလ ၇ ရက်နေ့က ရင်သားကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ မစ္စစ် အဲလိဇဘက် အက်ဝပ်ဒ် ဟာ သူ့ဘ၀မှာ ရင်သားကင်ဆာရောဂါအပြင် မိသားစုအတွင်း စိတ်သောကရောက်စရာတွေ ရင်ဆိုင်ခဲ့ရပေမဲ့လို့လည်း လောကဓံ ကို ကြံ့ကြံ့ခံပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့သူဖြစ်တာမို့ အမျိုးသမီးထုအတွက် ဂုဏ်ယူအားကျ စရာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် သူရဲ့အကြောင်းလေးတချို့နဲ့အတူ သူ သက်ရှိထင်ရှားရှိချိန်က လုပ်ဆောင်ခဲ့တာတွေကို အခု ထုတ်လွှင့်ပေးမယ့် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စီစဉ်တင်ဆက်ထားပါတယ်ရှင်။ နားဆင်နိုင်ပါပြီရှင်။