သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ရှင်မင်းသမီး အဲလစ်ဇဘက် တေလာ ကွယ်လွန်

ရုပ်ရှင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ။
ရုပ်ရှင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ။

အသက် ၇၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အဲလစ်ဇဘက် တေလာ (Elizabeth Taylor) ဒီကနေ့ပဲ ကွယ်လွန်သွားပါတယ်။

Cleopatra, National Velvet စတဲ့ ဇာတ်ကားတွေ အပါအဝင် ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကျော်ခဲ့သူ ဝါရင့်သရုပ်ဆောင် အဲလစ်ဇဘက် တေလာဟာ နှလုံးရောဂါ ဝေဒနာ ခံစားနေရတာဖြစ်ပြီး လော့စ်အိန်ဂျလိစ် (Los Angeles) မြို့မှာရှိတဲ့ ဆေးရုံတရုံမှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ဆေးကုသမှု ခံယူနေရတာပါ။

သူဟာ အသက် ၁၂ နှစ် အရွယ်ကစလို့ သရုပ်ဆောင် အဖြစ်နဲ့ ထင်ပေါ်ကျော်ကြားလာသူ တဦးဖြစ်ပြီး ကမ္ဘာပေါ်မှာ အချောဆုံး အမျိုးသမီး သရုပ်ဆောင် အဖြစ်နဲ့လည်း ရည်ညွှန်း ပြောဆိုခံရသူ ဖြစ်ပါတယ်။

သူ့ကိုတော့ အမေရိကန် ပြည်ထောင်စုက ရုပ်မြင်သံကြား အစီအစဉ်တခုမှာ ၂၀၀၁ ခုနှစ်က နောက်ဆုံး တွေ့မြင်ခဲ့ကြရတာပါ။ သူ့ရဲ့ ထင်ရှားတဲ့ သရုပ်ဆောင်မှုတွေကြောင့် အော်စကာ အကယ်ဒမီ ဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သလို အိမ်ထောင် ၈ ဆက်ပြုခဲ့သူ အဖြစ်နဲ့လည်း လူပြောသူပြောများသူ ဖြစ်ပါတယ်။

အသက်အရွယ် ရလာတဲ့ အချိန်မှာတော့ အထူးသဖြင့် AIDS သုတေသန လုပ်ငန်းလို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ပြောခွင့်ရသူ အမျိုးသမီးတဦးအဖြစ် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေအတွက် ၁၉၉၃ ခုနှစ်မှာ အထူးအော်စကာ ထူးချွန်ဆု တခုလည်း ရခဲ့ဖူးပါတယ်။

This item is part of
XS
SM
MD
LG