သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဘုရင္မႀကီး စ်ာပနအခမ္းအနား ကမာၻ႔ေခါင္းေဆာင္ေတြ တက္ေရာက္


ကြယ္လြန္သူ ဒုတိေျမာက္ ၿဗိတိန္ဘုရင္မႀကီး အဲလဇၨဘက္ရဲ႕ႏို္င္ငံေတာ္စ်ာပန အခမ္းအနား (စက္တင္ဘာ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

ၿဗိတိန္ဘုရင္မႀကီး အဲလဇၨဘက္ရဲ႕ ႏုိင္ငံေတာ္စ်ာပန မွတ္တမ္းဓာတ္ပံုမ်ား။

ဒီကေန႔ က်င္းပတဲ့ ကြယ္လြန္သူ ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလစ္ဇဘက္ ရဲ႕ ႏိုင္ငံေတာ္ စ်ာပနကို ကမာၻ႔ေခါင္းေဆာင္ေတြ၊ ေတာ္ဝင္မိသားစုေတြနဲ႔ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေတြတက္ေရာက္ၾကပါတယ္။

ဒီကေန႔ က်င္းပတဲ့ စ်ာပန အခမ္းအနားကို အေမရိကန္သမၼတ Joe Biden နဲ႔ သမၼတကေတာ္ Jill Biden တို႔လည္း တက္ေရာက္ၿပီး ကြယ္လြန္သူ ဘုရင္မႀကီး ကို ဂါရဝျပဳပါတယ္။ စ်ာပန အခမ္းအနားတက္ေရာက္ဖို႔ လန္ဒန္ကို သမၼတ Joe Biden စေနေန႔ေႏွာင္းပိုင္းက ေရာက္လာတာပါ။ တနဂၤေႏြေန႔တုန္းက သမၼတ Biden က ဝမ္းနည္းေၾကာင္းအထိမ္းအမွတ္စာအုပ္မွာ လက္မွတ္ေရးထိုးၿပီး ဘုရင္မႀကီးရဲ႕ သက္တမ္းတေလွ်ာက္ ကိုယ္က်ိဳးမဖက္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေပၚ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။

စက္တင္ဘာ ၈ ရက္ေန႔က ကြယ္လြန္သြားခဲ့တဲ့ သက္ေတာ္ ၉၆ ႏွစ္၊ နန္းသက္ ၇၀ ရွိၿပီျဖစ္တဲ့ ဘုရင္မႀကီး အဲလစ္ဇဘက္ ရဲ႕ စ်ာပန အခမ္းအနားကို လန္ဒန္ၿမိဳ႕၊ ဝက္စ္မင္စတာ ဘုရားေက်ာင္းခန္းမမွာ က်င္းပတာပါ။ စ်ာပနအခမ္းအနားအၿပီး တနလၤာေန႔ေႏွာင္းပိုင္းမွာေတာ့ ဘုရင္မႀကီးရဲ႕ ႐ုပ္အေလာင္းကို ၂၀၂၁ ဧၿပီလတုန္းက ကြယ္လြန္ခဲ့တဲ့ ၾကင္ယာေတာ္ ဖိလစ္မင္းသားႀကီးရဲ႕ ႐ုပ္အေလာင္းျမႇဳပ္ႏွံထားတဲ့ Windsor ရဲတိုက္၊ စိန႔္ေဂ်ာ့ခ္်ဘုရားေက်ာင္းမွာ သီးသန္႔ အခမ္းအနားနဲ႔ ျမႇဳပ္ႏွံမွာ ျဖစ္ပါတယ္။

ဘုရင္မႀကီးကြယ္လြန္ၿပီးေတာ့ ထီးနန္းအ႐ိုက္အရာကို ဆက္ခံခဲ့တဲ့ သားေတာ္ တတိယေျမာက္ Charles ဘုရင္နဲ႔ မၾကာေသးခင္က အသစ္ခန္႔အပ္ခဲ့တဲ့ ၿဗိတိန္ ဝန္ႀကီးခ်ဳုပ္ Liz Truss တို႔အပါအဝင္ ၿဗိတိန္ အုပ္ခ်ဳပ္ေရးပိုင္း ေခါင္းေဆာင္ေတြ အေျပာင္းအလဲရွိေပမဲ့ အေမရိကန္နဲ႔ ၿဗိတိန္ ၾကား ခိုင္မာတဲ့ ဆက္ဆံေရး ဆက္ၿပီးရွိေနမွာျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ တာဝန္ရွိသူေတြက VOA ကိုေျပာပါတယ္။

သမၼတ Joe Biden ဟာ လာမယ့္ ဗုဒၶဟူးေန႔ ကုလသမဂၢ အေထြေထြညီလာခံ ေဘးဘန္းမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Liz Truss နဲ႔ ေတြ႕ဆုံဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဗြိတိန်ဘုရင်မကြီး ဈာပနအခမ်းအနား ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်

ဒီကနေ့ ကျင်းပတဲ့ ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက် ရဲ့ နိုင်ငံတော် ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ကြပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ဈာပန အခမ်းအနားကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden တို့လည်း တက်ရောက်ပြီး ကွယ်လွန်သူ ဘုရင်မကြီး ကို ဂါရဝပြုပါတယ်။ ဈာပန အခမ်းအနားတက်ရောက်ဖို့ လန်ဒန်ကို သမ္မတ Joe Biden စနေနေ့နှောင်းပိုင်းက ရောက်လာတာပါ။ တနင်္ဂနွေနေ့တုန်းက သမ္မတ Biden က ဝမ်းနည်းကြောင်းအထိမ်းအမှတ်စာအုပ်မှာ လက်မှတ်ရေးထိုးပြီး ဘုရင်မကြီးရဲ့ သက်တမ်းတလျှောက် ကိုယ်ကျိုးမဖက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သက်တော် ၉၆ နှစ်၊ နန်းသက် ၇၀ ရှိပြီဖြစ်တဲ့ ဘုရင်မကြီး အဲလစ်ဇဘက် ရဲ့ ဈာပန အခမ်းအနားကို လန်ဒန်မြို့၊ ဝက်စ်မင်စတာ ဘုရားကျောင်းခန်းမမှာ ကျင်းပတာပါ။ ဈာပနအခမ်းအနားအပြီး တနင်္လာနေ့နှောင်းပိုင်းမှာတော့ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို ၂၀၂၁ ဧပြီလတုန်းက ကွယ်လွန်ခဲ့တဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးရဲ့ ရုပ်အလောင်းမြှုပ်နှံထားတဲ့ Windsor ရဲတိုက်၊ စိန့်ဂျော့ခ်ျဘုရားကျောင်းမှာ သီးသန့် အခမ်းအနားနဲ့ မြှုပ်နှံမှာ ဖြစ်ပါတယ်။

ဘုရင်မကြီးကွယ်လွန်ပြီးတော့ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တဲ့ သားတော် တတိယမြောက် Charles ဘုရင်နဲ့ မကြာသေးခင်က အသစ်ခန့်အပ်ခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုုပ် Liz Truss တို့အပါအဝင် ဗြိတိန် အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်တွေ အပြောင်းအလဲရှိပေမဲ့ အမေရိကန်နဲ့ ဗြိတိန် ကြား ခိုင်မာတဲ့ ဆက်ဆံရေး ဆက်ပြီးရှိနေမှာဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက VOA ကိုပြောပါတယ်။

သမ္မတ Joe Biden ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဘန်းမှာ ဗြိတိန်ဝန်ကြီးချုပ် Liz Truss နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

XS
SM
MD
LG