သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း Man of the Year အဖြစ် Telsa အကြီးအကဲ ကို ရွေးချယ်


FILE - Telsa CEO Elon Musk congratulates the winners of the Hyperloop Pod Competition II at SpaceX's Hyperloop track in Hawthorne, Calif., Sunday, Aug. 27, 2017.
FILE - Telsa CEO Elon Musk congratulates the winners of the Hyperloop Pod Competition II at SpaceX's Hyperloop track in Hawthorne, Calif., Sunday, Aug. 27, 2017.

နာမည်ကြီး Time မဂ္ဂဇင်းကြီးက 2021 'Person of the Year' - ၂၀၂၁ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံး ထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ် Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk ကိုရွေးချယ်လိုက်ပါတယ်။

Elon Musk ဟာ SpaceX ကုမ္ပဏီကိုထူထောင်သူဖြစ်ပြီး အဲဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အဖြစ်နဲ့ နည်းပညာဆိုင်ရာ Neuralink ကုမ္ပဏီကိုရော အခြေခံဆောက်အအုံတွေတည်ဆောက်တဲ့ Boring ကုမ္ပဏီကိုပါ ဦးဆောင်တည်ထောင်သူ ဖြစ်ပါတယ်။ သူ့ရဲ့လျှပ်စစ်ကားကုမ္ပဏီက ကမ္ဘာမှာ တန်ဖိုးအရှိဆုံးကားတွေကို ထုတ်လုပ်နေသလို အာကာသထဲပျံသန်းဖို့လုပ်ဆောင်တဲ့ သူ့ရဲ့ ဒုံးပျံကုမ္ပဏီကလည်း အရပ်သားတွေနဲ့သာ လည်ပတ်တာဖြစ်ပါတယ်။

Tesla ဈေးကွက်တန်ဖိုးဟာ ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်သွားတဲ့အတွက် Ford Mortor နဲ့ General Motor ၂ ခုပေါင်း ဈေးကွက်တန်ဖိုးထက် ပိုသာသွားပြီဖြစ်ပါတယ်။ Tesla က နှစ်စဉ် ကားအစင်းရေ သိန်းနဲ့ချီထုတ်လုပ်နေတာပါ။ လူငယ်အများအပြားက လျှပ်စစ်ကားပြောင်းစီးနေကြတာကြောင့် ဝယ်လိုအားကိုကြည့်ရင် တခြားကားကုမ္ပဏီတွေထက် အဆင်ပိုပြေနေတာတွေ့ရပါတယ်။

လူ့ဘဝနဲ့သက်ဆိုင်တဲ့ ပြဿနာရပ်အတွက် အဖြေရှာတဲ့နေရာမှာရော၊ နည်းပညာခေတ်မှာကြုံရနိုင်တဲ့အန္တရာယ်တွေနဲ့ ဖြစ်နိုင်ခြေတွေအတွက် ကိုယ်စားပြုတဲ့နေရာမှာရော၊ လူ့အသိုင်းဝိုင်းအှာ အပြောင်းအလဲတွေဖြစ်အောင်လုပ်ဆောင်ရာမှာပါ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့အတွက် Elon Musk ကို ၂၀၂၁ ခုနှစ်အတွက် Time မဂ္ဂဇင်းကြီးက အလွှမ်းမိုးနိုင်ဆုံးထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်တာ ဖြစ်ကြောင်း အယ်ဒီတာချုပ် Edward Felsenthal က ပြောပါတယ်။

ဆယ်ကျော်သက် အဆိုတော် Olivia Rodrigo ကို ဒီနှစ်အတွက် ဖျော်ဖြေရေးမှာ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ရွေးချယ်လိုက်သလို ဒီနှစ်အတွက် ထူးခြားတဲ့ အားကစားသမား အဖြစ် အမေရိကန်ဂျွမ်းဘားမယ် Simone Biles ကိုရွေးချယ်ခဲ့ပါတယ်။ ဒီနှစ်အတွက် သူရဲကောင်းတွေ အဖြစ်တော့ ကာကွယ်ဆေးအတွက် လေ့လာဆန်းစစ်ကြတဲ့ သိပ္ပံပညာရှင်တွေကို ဂုဏ်ပြုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

------------------------------------

Time မဂ်ဂဇငျး Man of the Year အဖွဈ Telsa အကွီးအကဲ ကို ရှေးခယြျ



XS
SM
MD
LG