သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်တန် ဂျွန်တို့ စုံတွဲ ကလေးမွေးစား

အယ်လ်တန် ဂျွန်တို့ စုံတွဲ ကလေးမွေးစား
အယ်လ်တန် ဂျွန်တို့ စုံတွဲ ကလေးမွေးစား

ဗြိတိန်နိုင်ငံက ကမ္ဘာကျော် တေးဂီတပညာရှင် အယ်လ်တန် ဂျွန် (Elton John) နဲ့ သူ့ရဲ့ လိင်တူ ခင်ပွန်းသည်ဖြစ်သူ ဒေးဗစ် ဖားနစ်ရှ် (David Furnish) တို့ဟာ ခရစ်စမတ်နေ့မှာ မွေးဖွားခဲ့တဲ့ ဇာချရီ ဂျက်ဆင် လယ်ဗွန် ဖားနစ်ရှ်-ဂျွန် (Zachary Jackson Levon Furnish-John) ဆိုသူ ကလေးငယ်တဦးကို မွေးစားလိုက်ကြပါတယ်။

ဇာချရီဟာ ကျန်းကျန်းမာမာရှိပြီး အခြေအနေ ကောင်းတယ်လို့ မွေးစားသူ စုံတွဲက အမေရိကန် မဂ္ဂဇင်းကို ပေးပို့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုက်အငှားလိုက်သူ အမျိုးသမီးနဲ့ မွေးဖွားခဲ့တဲ့ ဒီယောကျ်ားလေးဟာ ဗြိတိန်လူမျိုး ရော့ခ်တေးဂီတ ပညာရှင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတို့ စုံတွဲရဲ့ ပထမဦးဆုံး ကလေးငယ် ဖြစ်ပါတယ်။

ဇာချရီကို ခရစ်စမတ်နေ့တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အလေးချိန် ၃.၆ ကီလို ရှိပါတယ်။

ဗိုက်အငှားလိုက်သူ အမျိုးသမီးရဲ့ နာမည်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။ အယ်လ်တန် ဂျွန်ဟာ လယ်ဗွန်ဆိုတဲ့ သီချင်းကို ၁၉၇၁ ခုနှစ်က သီဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG