သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Elvis Presley ကို ကန်သမ္မတက အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်


အမေရိကန်ပြည်ထောင်စုမှာ အရပ်သားတွေအတွက် သမ္မတပေးတဲ့ အမြင့်ဆုံးဆုကို Rock and Rolll ဘုရင်ကြီး Elvis Presley အပါအဝင် ၇ ဦးကို ရှေ့သီတင်းပတ်ထဲမှာ ပေးအပ်မယ်လို့ အိမ်ဖြူတော်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

Presidential Medal of Freedom ဆုပေးဖို့ ကြေညာထားသူတွေထဲမှာ ကွယ်လွန်သူ Baseball အားကစားအကျော်အမော် Babe Ruth၊ အမေရိကန်ဘောလုံးအားကစား အကျော်အမော်ဟောင်းတွေ ဖြစ်ကြတဲ့ Roger Staubach နဲ့ Alan Page၊ ပရဟိတလုပ်ငန်းတွေလုပ်တဲ့ သန်းကြွယ်သူဌေးကတော် Miriam Adelson၊ Utah ပြည်နယ်ရဲ့ Republican အထက်လွှတ်တော်အမတ် Orrin Hatch နဲ့ ကွယ်လွန်သွားတဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Antonin Scalia တို့လည်းပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွား၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အများပြည်သူအတွက် အကျိုးရှိအောင်ဆောင်ရွက်ခဲ့သူမျိးတွေကို သမ္မတက နှစ်စဉ်ဆုချတာဖြစ်ပါတယ်။ သမ္မတဟောင်း Bill Clinton လက်ထက် ၂၀၀၀ ခုနှစ်တုန်းက အဲဒီအချိန်က နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Presidential Medal of Freedom ဆုကို ပေးအပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG