သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့မြောက် ကိုရီယားနှစ်နိုင်ငံ အရေးပေါ် အစည်းအဝေးကျင်းပ


တောင်ကိုရီးယားသမ္မတရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး Kim Kwan-Jin (ယာ) နဲ့ မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ နိုင်ငံရေးအရာရှိ Hwang Pyong-So (ဝဲ) တို့ လက်ဆွဲနှုတ်ဆက်စဉ်။ (သြဂုတ်လ ၂၂၊ ၂၀၁၅)
တောင်ကိုရီးယားသမ္မတရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး Kim Kwan-Jin (ယာ) နဲ့ မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ နိုင်ငံရေးအရာရှိ Hwang Pyong-So (ဝဲ) တို့ လက်ဆွဲနှုတ်ဆက်စဉ်။ (သြဂုတ်လ ၂၂၊ ၂၀၁၅)

မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား အဆင့်မြင့်ကိုယ်စားလှယ်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

စစ်ပွဲကြီးဖြစ်ပွားလာနိုင်တဲ့အထိ တင်းမာလာနေတဲ့အခြေအနေကို အဆုံးသတ်ဖို့ နယ်စပ်ရွာဖြစ်တဲ့ Panmunjom မှာ အခုလို တွေ့ဆုံဆွေးနွေးတာ ဖြစ်တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကို ကိုးကားပြီး ယုံဟပ်သတင်းဌာနက ကြေညာပါတယ်။ တောင်ကိုရိးယားသမ္မတ ပါ့ဂွန်ဟဲရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Kim Kwan-jin နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့အကြံပေး Hwang Pyone So တို့ ဦးဆောင် တက်ရောက်မယ့် ဒီအစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စတင်ခဲ့တာပါ။

တောင်ကိုရီးယားကို တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့တောင်းဆိုမှုအရ ကျင်းပတဲ့ ဒီအစည်းအဝေးနဲ့ ပတ်သတ်လို့ အသေးစိတ် ထုတ်ပြန်တာမျိုးမရှိပါဘူး။ တောင်ကိုရီးယားဘက်က အသံချဲ့စက်သုံးပြီး မြောက်ကိုရီးယားဆန့်ကျင်ရေးဝါဒဖြန့်ချက်တွေ လွှင့်ထုတ်နေတာကို မြောက်ကိုရီးယားစံတော်ချိန် ဒီကနေ့ ညနေ ၅ နာရီ နောက်ဆုံးထားရပ်ဖို့ မြောက်ကိုရီးယားကတောင်းဆိုထားပါတယ်။ တောင်ကိုရီးယားဘက် ကတော့ အသံလွှင့်မှုရပ်ဆိုင်းဖို့ ငြင်းဆိုပြီး ဆက်လက် ထုတ်လွှင့်ပေမယ့် နောက်ထပ် ပစ်ခတ်တာမျိုးတော့ မရှိပါဘူး။

နှစ်နိုင်ငံ နယ်စပ်ကြားက စစ်မဲ့ဇုံမှာ မြောက်ကိုရီးယားဘက်က ထောင်ထားတဲ့မိုင်းကို တောင်ကိုရီးယားစစ်သားနှစ်ဦးက နင်းမိပြီး ဒီဗုံးဒဏ်ကြောင့် ဒဏ်ရာပြင်းပြင်ထန်ထန် ရသွားပြီး မကြာခင်မှာ ၁၀ စုနှစ်ကျော် ရပ်ဆိုင်းထားတဲ့ အသံချဲ့စက်အသုံးပြုပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေးဝါဒဖြန့် ထုတ်လွှင့်တာတွေကို တောင်ကိုရီးယားဘက်က လွန်ခဲ့တဲ့သီတင်းပတ်အတွင်းကပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG