သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zika ဗိုင်းရပ် အရေးပေါ် အစည်းဝေး တနင်းလာနေ့ ခေါ်ယူ


 Zika ဗိုင်းရပ်စ်ပိုး ပြန့်နှံ့။
Zika ဗိုင်းရပ်စ်ပိုး ပြန့်နှံ့။

Zika ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က တနင်္လာနေ့မှာလုပ်ဖို့ စီစဉ် ထားပါတယ်။ ခြင်ကနေတဆင့်ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးဟာ စိုးရိမ်စရာကောင်းလောက်တဲ့နှုန်းနဲ့ ပြန့်နှံ့နေတယ်လို့ WHO ညွှန်ကြားရေး မှူးက ပြောလိုက်ပြီးတဲ့နောက် အခုလို အရေးပေါ် အစည်းအဝေးလုပ်ဖို့ စီစဉ်ထားတာပါ။

အမေရိကတိုက်က လူသန်းပေါင်းများစွာ ဒီရောဂါပိုးသင့်ထားနိုင်ခြေရှိတယ်လို့ WHO က သတိပေးထားပါတယ်။ Zika ဗိုင်းရပ်စ်ပိုး ပြန့်နှံ့တာ နှေးကွေးသွားစေဖို့နဲ့ တားဆီးဖို့ သမားရိုးကျရော၊ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကိုပါ သုံးပြီးတော့ လုပ်ဆောင် နေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ပါလာတဲ့ ချို့ယွင်းချက်တွေဟာ ဒီရောဂါပိုးနဲ့ ဆက်စပ်နေပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးဖြစ်စေနိုင်တဲ့ နေရာအရင်းအမြစ်တွေကို မှိုင်းတိုက်တဲ့ ကားတွေနဲ့ နှိမ်နင်းနေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေကို ပညာပေး လှုံ့ဆော်တဲ့လုပ်ငန်းတွေကိုလည်း လုပ်နေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကြောင့် တချို့ မွေးကင်းစ ကလေးငယ်တွေရဲ့ ဦးခေါင်းအရွယ်အစား သေးငယ်နေသလို ဦးနှောက်အရွယ်အစားဟာလည်း ပုံမှန်ထက်သေးငယ်သွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

El Salvador တာဝန်ရှိသူတွေကတော့ Zika ဗိုင်းရပ်စ်ပိုး သယ်ဆောင်နိုင်ခြေရှိတဲ့ ပိုးလောက်လန်း တွေကို ငါးတွေက စားပစ်အောင်လုပ်ပြီးတော့ ရှင်းနေပါတယ်။ El Salvador နိုင်ငံမှာ Zika ဗိုင်းရပ်စ်ပိုး မပြန့့်ပွားအောင်လုပ်တဲ့ နည်းလမ်းကို တခြားနိုင်ငံတွေမှာ လိုက်လုပ်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Zika ဗိုင်းရပ်စ်ပိုး ပြန့်နေတဲ့ ဘရာဇီးလ်လိုနိုင်ငံမျိုးတွေကို ခရီးမသွားကြဖို့ အမေရိကန် ရောဂါပိုးထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC က ကိုယ်ဝန်ဆောင်မိခင်တွေကို သတိပေးထားပါတယ်။

XS
SM
MD
LG