[[Zawgyi/Unicode]]
ဒီဇင္ဘာလ (၃၁) ရက္ေန႔ကကြယ္လြန္သြားတဲ့ ပုပ္ရဟန္းမင္းႀကီးေဟာင္း Emeritus Benedict ႐ုပ္ကလပ္ကို အမ်ားျပည္သူလာေရာက္ၾကည့္ရႈဖို႔ စိန႔္ပီတာရင္ျပင္မွာရွိတဲ့ Basilica ဘုရားေက်ာင္းမွာ ဒီေန႔ တနလၤာေန႔ကေန ဗုဒၶဟူးေန႔အထိ ထားရွိမွာျဖစ္ပါတယ္။ ဈာပန အခမ္းအနားကိုေတာ့ ၾကာသပေတးေန႔မွာ ျပဳလုပ္မွာပါ။
ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict က သူမကြယ္လြန္ခင္မွာ ဘုရားသခင္ကို ခ်စ္ျမတ္ႏိုးေၾကာင္း ေနာက္ဆုံးစကားအျဖစ္ ေျပာၾကားခဲ့တယ္လို႔ The Vatican သတင္းဝက္ဘ္ဆိုဒ္စာမ်က္ႏွာ မွာေဖၚျပထားပါတယ္။
ပုပ္ရဟန္းမင္းႀကီးကြယ္လြန္ခ်ိန္မွာ သူနာျပဳတေယာက္ပဲ သူ႔အနားမွာရွိေနေၾကာင္း ပုပ္ရဟန္းမင္းႀကီးရဲ႕ ကိုယ္ေရးအတြင္းဝန္ ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ႀကီး Georg Gänswein က ေျပာပါတယ္။
ေမြးလာတဲ့အခ်ိန္မွာ Joseph Ratzinger အျဖစ္ နံမည္ေပးထားတဲ့ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict ဟာ ကြယ္လြန္ခ်ိန္ အသက္ ၉၅ ႏွစ္ရွိၿပီျဖစ္ပါတယ္။
သူဟာ ႏွစ္ေပါင္း ၆၀၀ အတြင္း ဗာတီကန္နန္းေတာ္မွာ ပုပ္ရဟန္းမင္းအျဖစ္ကေန ပထမဆံုး ႏုတ္ထြက္ အနားယူခဲ့သူျဖစ္သလို အဲဒီေနာက္ပိုင္း မကြယ္လြန္ခင္အခ်ိန္ထိ ၁၀ ႏွစ္နီးပါးၾကာ အၿငိမ္းစားပုပ္ရဟန္းမင္းႀကီးအျဖစ္နဲ႔ ေနထိုင္ခဲ့ပါတယ္။
=========================
[[Unicode]]
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ရုပ်ကလာပ်ကို အများပြည်သူကြည့်ရှုခွင့်ပြုထား
ဒီဇင်ဘာလ (၃၁) ရက်နေ့ကကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Emeritus Benedict ရုပ်ကလပ်ကို အများပြည်သူလာရောက်ကြည့်ရှုဖို့ စိန့်ပီတာရင်ပြင်မှာရှိတဲ့ Basilica ဘုရားကျောင်းမှာ ဒီနေ့ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ထားရှိမှာဖြစ်ပါတယ်။ ဈာပန အခမ်းအနားကိုတော့ ကြာသပတေးနေ့မှာ ပြုလုပ်မှာပါ။
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict က သူမကွယ်လွန်ခင်မှာ ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း နောက်ဆုံးစကားအဖြစ် ပြောကြားခဲ့တယ်လို့ The Vatican သတင်းဝက်ဘ်ဆိုဒ်စာမျက်နှာ မှာဖေါ်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီးကွယ်လွန်ချိန်မှာ သူနာပြုတယောက်ပဲ သူ့အနားမှာရှိနေကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးအတွင်းဝန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Georg Gänswein က ပြောပါတယ်။
မွေးလာတဲ့အချိန်မှာ Joseph Ratzinger အဖြစ် နံမည်ပေးထားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ ကွယ်လွန်ချိန် အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။
သူဟာ နှစ်ပေါင်း ၆၀၀ အတွင်း ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းအဖြစ်ကနေ ပထမဆုံး နုတ်ထွက် အနားယူခဲ့သူဖြစ်သလို အဲဒီနောက်ပိုင်း မကွယ်လွန်ခင်အချိန်ထိ ၁၀ နှစ်နီးပါးကြာ အငြိမ်းစားပုပ်ရဟန်းမင်းကြီးအဖြစ်နဲ့ နေထိုင်ခဲ့ပါတယ်။