သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ရုပ်ကလာပ်ကို အများပြည်သူကြည့်ရှုခွင့်ပြုထား


 ဗာတီကန်၊ စိန့်ပီတာရင်ပြင် ဘာစီလီကာဘုရားကျောင်းမှာ ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဟောင်းEmeritus Benedict ရဲ့ ရုပ်ကလပ်ကို အများပြည်သူလာရောက်ကြည့်ရှုဂါရဝပြုဖို့ စောင့်ဆိုင်းနေကြတဲ့ အသင်းဝင်များ။ (ဇန်နဝါရီ ၂၊၂၀၂၃)
 ဗာတီကန်၊ စိန့်ပီတာရင်ပြင် ဘာစီလီကာဘုရားကျောင်းမှာ ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဟောင်းEmeritus Benedict ရဲ့ ရုပ်ကလပ်ကို အများပြည်သူလာရောက်ကြည့်ရှုဂါရဝပြုဖို့ စောင့်ဆိုင်းနေကြတဲ့ အသင်းဝင်များ။ (ဇန်နဝါရီ ၂၊၂၀၂၃)

[[Zawgyi/Unicode]]

ဒီဇင်ဘာလ (၃၁) ရက်နေ့ကကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Emeritus Benedict ရုပ်ကလပ်ကို အများပြည်သူလာရောက်ကြည့်ရှုဖို့ စိန့်ပီတာရင်ပြင်မှာရှိတဲ့ Basilica ဘုရားကျောင်းမှာ ဒီနေ့ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ထားရှိမှာဖြစ်ပါတယ်။ ဈာပန အခမ်းအနားကိုတော့ ကြာသပတေးနေ့မှာ ပြုလုပ်မှာပါ။

ပုပ်ရဟန်းမင်းကြီးဟောင်း Benedict က သူမကွယ်လွန်ခင်မှာ ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း နောက်ဆုံးစကားအဖြစ် ပြောကြားခဲ့တယ်လို့ The Vatican သတင်းဝက်ဘ်ဆိုဒ်စာမျက်နှာ မှာဖေါ်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးကွယ်လွန်ချိန်မှာ သူနာပြုတယောက်ပဲ သူ့အနားမှာရှိနေကြောင်း ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးအတွင်းဝန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး Georg Gänswein က ပြောပါတယ်။

မွေးလာတဲ့အချိန်မှာ Joseph Ratzinger အဖြစ် နံမည်ပေးထားတဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ ကွယ်လွန်ချိန် အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။

သူဟာ နှစ်ပေါင်း ၆၀၀ အတွင်း ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းအဖြစ်ကနေ ပထမဆုံး နုတ်ထွက် အနားယူခဲ့သူဖြစ်သလို အဲဒီနောက်ပိုင်း မကွယ်လွန်ခင်အချိန်ထိ ၁၀ နှစ်နီးပါးကြာ အငြိမ်းစားပုပ်ရဟန်းမင်းကြီးအဖြစ်နဲ့ နေထိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]






XS
SM
MD
LG