[[Zawgyi/Unicode]]
အေမရိကန္ျပည္ေထာင္စုမွာေရာက္ေနတဲ့ ျပင္သစ္သမၼတ Emmanuel Macron ကို သမၼတ Joe Biden က အိမ္ျဖဴေတာ္မွာ ႏိုင္ငံေတာ္ညစာစားပြဲနဲ႔ တည္ခင္းဧည့္ခံၿပီး ၂ ႏိုင္ငံ တညီတၫြတ္တည္း ရပ္တည္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းႏိုင္ငံကို စစ္တိုက္ေနတဲ့ ႐ုရွားသမၼတ Vladimir Putin ကို ဖိအား တိုးေပးဖို႔နဲ႔ ယူကရိန္းကို အကူအညီေတြ တိုးျမွင့္ေပးႏိုင္ေအာင္ ႏွစ္ႏိုင္ငံ အနီးကပ္ပူးေပါင္းေဆာင္ရြက္သြားၾကဖို႔လည္း ေခါင္းေဆာင္ ၂ ဦး ကတိျပဳခဲ့ၾကပါတယ္။
ဒီမိုကေရစီစံႏႈန္းေတြကို လက္ကိုင္ထားၿပီး တရားမမွ်တမႈေတြကို အတူတကြ ဆန္႔က်င္သြားမယ္လို႔ သမၼတဘိုင္ဒန္က ခုလိုေျပာၾကားခဲ့ပါတယ္။
ဒီမိုကေရစီ၊ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈ၊ အခြင့္အလမ္းစတဲ့ အႀကီးက်ယ္ဆံုးအေၾကာင္းတရားေတြေၾကာင့္ က်ေနာ္တို႔ ၂ ႏိုင္ငံ ဒီေန႔အထိ စည္းလံုးေနတာျဖစ္ပါတယ္။ ဖိႏွိပ္မႈေတြ၊ တရား မမွ်တမႈေတြကိုလည္း အတူဆန္႔က်င္ေနပါတယ္လို႔ သမၼတ Biden ကေျပာၾကားသြားတာျဖစ္ပါတယ္။
အေမရိကန္နဲ႔ ျပင္သစ္ေခါင္းေဆာင္ေဟာင္းေတြျဖစ္ၾကတဲ့ George Washington နဲ႔ Lafayette တို႔ တသက္လံုးအားထုတ္ခဲ့ၾကသလို ၂ ႏိုင္ငံၾကား ဒီမိုကေရစီတန္ဖိုးေတြအတြက္ အျပန္အလွန္ရပ္တည္ေနၾကတယ္လို႔လည္း သမၼတ Biden ကႏိုင္ငံေတာ္ညစာစားပြဲမိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္သမၼတ Macron ကလည္း အေမရိကန္နဲ႔ အတူရပ္တည္ေနပါတယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။
အေမရိကန္နဲ႔ ျပင္သစ္ေခါင္းေဆာင္ ၂ ေယာက္ ၾကာသပေတးေန႔အေစာပိုင္းက အိမ္ျဖဴေတာ္မွာ ေတ႔ြဆံုၾကစဥ္မွာလည္း ယူကရိန္းစစ္ပြဲကိစၥ၊ ၂ ႏိုင္ငံ ကုန္သြယ္ေရးကိစၥေတြ ေဆြးေႏြးခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ EU ဥေရာပသမဂၢၾကား သန္႔ရွင္းစြမ္းအင္ကိစၥနဲ႔ပတ္သက္လို႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရးအျငင္းပြားစရာကိစၥေတြကို ေျဖရွင္းဖို႔အတြက္ အေမရိကန္နဲ႔ ျပင္သစ္ၾကား ပူးတြဲအထူးလုပ္ငန္းအဖဲြ႔ ဖဲြ႔စည္းေၾကာင္းလည္း ေၾကညာခဲ့ၾကပါတယ္။
========================
[[Unicode]]
အမေရိကန် ပြင်သစ် တညီတညွတ်တည်း ရပ်တည်နေ
အမေရိကန်ပြည်ထောင်စုမှာရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ကို သမ္မတ Joe Biden က အိမ်ဖြူတော်မှာ နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံပြီး ၂ နိုင်ငံ တညီတညွတ်တည်း ရပ်တည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံကို စစ်တိုက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ကို ဖိအား တိုးပေးဖို့နဲ့ ယူကရိန်းကို အကူအညီတွေ တိုးမြှင့်ပေးနိုင်အောင် နှစ်နိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း ခေါင်းဆောင် ၂ ဦး ကတိပြုခဲ့ကြပါတယ်။
ဒီမိုကရေစီစံနှုန်းတွေကို လက်ကိုင်ထားပြီး တရားမမျှတမှုတွေကို အတူတကွ ဆန့်ကျင်သွားမယ်လို့ သမ္မတဘိုင်ဒန်က ခုလိုပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ အခွင့်အလမ်းစတဲ့ အကြီးကျယ်ဆုံးအကြောင်းတရားတွေကြောင့် ကျနော်တို့ ၂ နိုင်ငံ ဒီနေ့အထိ စည်းလုံးနေတာဖြစ်ပါတယ်။ ဖိနှိပ်မှုတွေ၊ တရား မမျှတမှုတွေကိုလည်း အတူဆန့်ကျင်နေပါတယ်လို့ သမ္မတ Biden ကပြောကြားသွားတာဖြစ်ပါတယ်။
အမေရိကန်နဲ့ ပြင်သစ်ခေါင်းဆောင်ဟောင်းတွေဖြစ်ကြတဲ့ George Washington နဲ့ Lafayette တို့ တသက်လုံးအားထုတ်ခဲ့ကြသလို ၂ နိုင်ငံကြား ဒီမိုကရေစီတန်ဖိုးတွေအတွက် အပြန်အလှန်ရပ်တည်နေကြတယ်လို့လည်း သမ္မတ Biden ကနိုင်ငံတော်ညစာစားပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ပြင်သစ်သမ္မတ Macron ကလည်း အမေရိကန်နဲ့ အတူရပ်တည်နေပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အမေရိကန်နဲ့ ပြင်သစ်ခေါင်းဆောင် ၂ ယောက် ကြာသပတေးနေ့အစောပိုင်းက အိမ်ဖြူတော်မှာ တေ့ွဆုံကြစဉ်မှာလည်း ယူကရိန်းစစ်ပွဲကိစ္စ၊ ၂ နိုင်ငံ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ EU ဥရောပသမဂ္ဂကြား သန့်ရှင်းစွမ်းအင်ကိစ္စနဲ့ပတ်သက်လို့ ဖြစ်နေတဲ့ ကုန်သွယ်ရေးအငြင်းပွားစရာကိစ္စတွေကို ဖြေရှင်းဖို့အတွက် အမေရိကန်နဲ့ ပြင်သစ်ကြား ပူးတွဲအထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းကြောင်းလည်း ကြေညာခဲ့ကြပါတယ်။