သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန်မှာ ဝက်တုပ်ကွေးကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့


အင်္ဂလန်မှာ ဝက်တုပ်ကွေးကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့
အင်္ဂလန်မှာ ဝက်တုပ်ကွေးကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့

အင်္ဂလန်မှာ ပြီးခဲ့တဲ့ သီတင်း ၆ ပတ်အတွင်းမှာ အရွယ်ရောက်သူ ၁၀ ယောက် ဝက်တုပ်ကွေးကြောင့် သေဆုံးသွားတယ်လို့ ဗြိတိန် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအားလုံးဟာ ၆၅ နှစ်အောက်တွေဖြစ်ကြတယ်လို့ သက်ဆိုင်ရာက စနေနေ့က ပြောပါတယ်။ H1N1 ဝက်တုပ်ကွေး ဗိုင်းရပ်စ်က ပုံမှန်အားဖြင့် အသက်အရွယ်ကြီးသူတွေကို ပိုပြီးထိခိုက်စေတာမို့ အခုလို အသက်သိပ်မကြီးသူတွေ သေဆုံးမှုက ပြောင်းပြန်ဖြစ်နေပါတယ်။

သေဆုံးသွားသူတချို့ဟာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ခဲ့ရပေမဲ့ အနည်းစုဟာ နာမကျန်းမဖြစ်ခင်မှာ ကျန်းမာကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီနှစ်ဆောင်းရာသီမှာဖြစ်တဲ့ တုပ်ကွေးရောဂါဟာ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ ရောဂါဖြစ်ပွားမှုလိုမျိုး ကူးစက်တဲ့အခြေအနေ ဖြစ်လိမ့်မယ်လို့ မခန့်မှန်းကြောင်း ဗြိတိန်တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗြိတိန်မှာ ဝက်တုပ်ကွေးကြောင့် လူပေါင်း ၄၉၄ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်အောင် ဗြိတိန်မှာ ကြိုတင်ကာကွယ်ထားနိုင်ပုံရနေပြီး တခြား ဥရောပနိုင်ငံတွေမှာလည်း ဝက်တုပ်ကွေးဖြစ်တဲ့ လက္ခဏာတွေ အခုမှ စတွေ့နေရတယ်လို့ ဗြိတိန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ John Watson ကပြောပါတယ်။

XS
SM
MD
LG