သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလား အင်္ဂလန် ဆီးမီးတက်ပြီ


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ယနေ့ ကျင်းပတဲ့ကမ္ဘာ ဖလားပြိုင်ပွဲရဲ့ ပထမဦးဆုံး ကွာတားဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်အသင်းက နော်ဝေး အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိင်ရ ပြီး ဆီမီးဖိုင်နယ် တက်သွားပါတယ်။ အင်္ဂလန် အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဖို့ ၁၀ မိနစ်လောက် အလိုမှာ အင်္ဂလန် အသင်းက ပယ်နယ်တီ ရရှိခဲ့ပေမဲ့ နော်ဝေး ဂိုးသမားက ကာကွယ်နိုင်လိုက်လို့ အင်္ဂလန် အသင်းအဖို့ နောက်ထပ်ရမယ့် သေချာပေါက် ဂိုးတစ်ဂိုး လက်လွှတ်ဆုံးရှုံး သွားခဲ့ရပါတယ်။ နော်ဝေးအသင်းက အပြင်းအထန် ထိုးဖောက် ကစားပေမဲ့ အင်္ဂလန် နောက်တန်းကို အောင်အောင်မြင်မြင် မထိုးဖောက်နိုင်ခဲ့ပါဘူး။

မနက်ဖြန် သောကြာနေ့မှာတော့ လက်ရှိ ချန်ပီယံ အမေရိကန်နဲ့ အိမ်ရှင် ပြင်သစ် အသင်းတို့ ကွာတာဖိုင်နယ် ဒုတိယ ပွဲစဉ်အဖြစ် ကစားကြမှာ ဖြစ်ပြီး အဲဒီက တက်လာတဲ့ အသင်းနဲ့ အင်္ဂလန်တို့ ဆီမီးဖိုင်နယ်မှာ တွေ့မှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ကတော့ အီတလီနဲ့ နယ်သာလန်၊ ဂျာမနီနဲ့ ဆွီဒင်တို့ ဖြစ်ကြပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား အင်္ဂလန် ဆီးမီးတက်ပြီ
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG