သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


A worker rests on the roof of a building surrounded by sand as a result of desert encroachment at Ogrein Railway Station at the Red Sea State August 1, 2013.
A worker rests on the roof of a building surrounded by sand as a result of desert encroachment at Ogrein Railway Station at the Red Sea State August 1, 2013.
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Paint the town red, Bumpy road နဲ့ Foot the Bill တို့ကို တင်ပြထားပါတယ်။

(၁) Paint the town red

Paint (ဆေးသုတ်တာ)၊ the town (မြို့)၊ red (အနီရောင်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မြို့ကို အနီရောင်သုတ်တာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတဲ့ နောက်ခံသမိုင်းအမျိုးမျိုး ရှိပေမယ့် တခုကတော့ ၁၇၇၆ ခုနှစ်မှာ ထိုစဉ် အမေရိကန်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကိုစတင် ဆင်နွှဲရာမှာ နယူးရော့ခ်မြို့ မှာ မီးရှုုးမီးပန်းတွေ ပစ်ဖောက်ပြီး တမြို့လုံး မီးအနီရောင် လွှမ်းခြုံစေခဲ့တဲ့ ဖြစ်ရပ်ကနေဒီအသုံး စတင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က ဂုဏ်ယူစရာ၊ ဝမ်းသာစရာ အထိမ်းအမှတ်တခုခုအတွက် သောက်ကြ၊ စားကြ၊ ပျော်ကြပါးကြတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို NHL လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားရေခဲဟော်ကီအဖွဲ့ချုပ်ရဲ့ စတန်လေဖလား (Stanley Cup) ဖိုင်နယ်ပွဲကို တက်သွားတဲ့ Washington DC မြို့တော်ရဲ့ Capitals Ice Hockey အသင်းသာဖိုင်နယ်မှာအနိုင်ရင်၊ မြို့တော်ရဲ့အားကစားပရိသတ်အနေနဲ့ ၊ပျော်မဆုံးမော်မဆုံး ဖြစ်ကြပြီး သောက်ကြ၊ စားကြ၊ ပျော်ကြပါးကြနဲ့ အောင်ပွဲခံကြဖို့ အဆင်သင့်ရှိနေပြီလို့ Washington Post သတင်းစာကြီးက“Capitals fans are ready to paint the town red” ဆိုတဲ့ ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးသတင်းအရ ပြိုင်ပွဲမှာ Capitals အသင်းက ဗိုလ်စွဲလိုက်တဲ့အတွက် တကယ်ဘဲ Paint the town red အသုံးကိုလက်တွေ့အကောင်အထည်ဖေါ်ဖို့၊ ပရိသတ်က ပျော်ပွဲရွှင်ပွဲတွေနဲ့ ဆင်နွှဲကြဖို့ ရှိကြောင်းသိရပါတယ်။

ဥပမာ

John’s friends painted the town red last night to celebrate his promotion.

John ရာထူးတက်တာကို သူ့သူငယ်ချင်းတွေက ဝမ်းသာတဲ့ အထိမ်းအမှတ်အဖြစ် မနေ့ညကသောက်ကြစားကြနဲ့ တပျော်တပါး ဆင်နွှဲခဲ့ကြတယ်။

(2) Bumpy road

Bumpy (ချိုင့်တွေ၊ ခဲတွေရှိနေလို့၊ မညီမညာ ဖြစ်နေတာ၊ ကြမ်းတာ)၊ road (လမ်း) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချိုင့်ထူတဲ့လမ်းကြမ်း ဖြစ်ပါတယ်။ Bumpy road အစား Bumpy ride ဆိုပြီးလဲ သုံးလို့ရပါတယ်။တနည်းလမ်းကြမ်းလို့ကားဆောင့်တာဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က တခုခုလုပ်ဆောင်ရာမှာ မဖြောင့်ဖြူးတာ၊ ပြဿနာတွေ၊ အခက်အခဲတွေ၊ ကြုံတွေ့စရာ ရှိနိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာ ဆူးညှောင့်ခလုတ်လမ်း ဆိုတဲ့ အသုံးနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဒီအသုံးကို ဇွန်လ (၁၂) ရက်နေ့မှာ စင်္ကာပူမှာ တွေ့ဖို့ စီစဉ်ထားတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကြား ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis က ပြဿနာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ဟောကိန်းထုတ်လိုက်တဲ့အတွက် The Week သတင်းစာမှာ “Mattis forecasts a 'bumpy road' for Trump's North Korea summit” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The government realized it would be a bumpy road to get the ethnic armed groups to sign the peace deal.

လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေကိုငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးဖို့တိုက်တွန်းရာမှာ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို အစိုးရက နားလည်သဘောပေါက်ထားတယ်။

(3) Foot the Bill

Foot ကို ဒီနေရာမှာ Verb ကြိယာအဖြစ်သုံးထားပြီး၊ အောက်အဆုံးပိုင်းမှာ ရှိနေတာကို ဆိုလိုပါတယ်။ ဥပမာ လှေကားအောက်ဆုံးအထစ်ကို Foot of the Ladder လို့ သုံးသလို၊ စာရင်းအင်းမှာလည်း ဂဏန်းတွေအားလုံးပေါင်းအပြီးအဖြေကို အောက်ဆုံး မှာရေးချတာကို ဆိုလိုတာဖြစ်ပါတယ်။ The bill ကတော့ ငွေပြေစာ ဖြတ်ပိုင်းဖြစ်ပါတယ်။ စကားစု တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က ငွေပြေစာဖြတ်ပိုင်းရဲ့အောက်ဆုံးမှာပေါင်းထားတဲ့ ကျသင့်တဲ့ငွေကိုစိုက်ထုတ်ပေးတာ ဖြစ်ပါတယ်။ Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလဲသိပ်မကွာလှပါဘူး။ ကျသင့်တဲ့ငွေကို တာဝန်ခံရှင်းပေးတာ၊ စိုက်ထုတ်ပေးတာဖြစ်ပါတယ်။ အထူးသဖြင့် အတော်လေးကြီးမားတဲ့ ကုန်ကျစရိတ်ကို စိုက်ထုတ်ပေးရာမှာ သုံးပါတယ်။ ဒီအသုံးကို Washington Post သတင်းစာမှာ “ At Trump-Kim Summit don’t expect North Korea to foot the bill. “ Trump နဲ့ Kim ထိပ်သီး ညီလာခံမှာ ကုန်ကျစရိတ်ကို မြောက်ကိုရီယားက စိုက်ထုတ်လိမ့်မယ်လို့ မမျှော်လင့်နဲ့ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

ဥပမာ

The father of the bride offered to foot the bill for his daughter’s wedding.

သတို့သမီးရဲ့အဖေက သမီးမင်္ဂလာဆောင်ကုန်ကျစရိတ်ကို ကျခံဖို့ ကမ်းလှမ်းခဲ့တယ်။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idioms အသုံးတွေက Paint the town red, Bumpy road နဲ့Foot the bill တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG