သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election အီဒီယံအသုံးအနှုန်းများ (၄)


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ရွေးကောက်ပွဲ (Election) နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Press the flesh, Vote with your feet နဲ့ Straw vote တို့ကို တင်ပြထားပါတယ်။

() Press the flesh

Press (ဖိတာ၊ နှိပ်တာ)၊ the flesh (အသား) လို့ လုံးကောက်အဓိပ္ပါယ်ရပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသားကို ဖိတာ၊ နှိပ်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်အရွေးခံမယ့် မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးရေးဆင်းကြရာမှာ လူတွေကိုလိုက်ပြီး လက်ဆွဲနှုတ်ဆက်လေ့ ရှိတာဖြစ်ပါတယ်။ အခုလို လူတွေနဲ့ ထိတွေ့မှုရရှိဖို့ ကြိုးပမ်းတာကို Press the flesh ဆိုတဲ့ အသုံးအရ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က မဲဆန္ဒရှင်တွေကို ကိုယ်စားလှယ်လောင်းက လိုက်ပြီးလက်ဆွဲနှုတ်ဆက် ထိတွေ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mr. Smith, our candidate, is on his campaign trail. He’s been meeting with the voters and pressing the flesh.

ကျနော်တို့ ကိုယ်စားလှယ်လောင်း Mr. Smith က မဲဆွယ်စည်းရုံးရေး ဆင်းနေပြီ။ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက် ထိတွေ့မှုရဖို့အတွက်လုပ်နေတယ်။

() Vote with your feet

Vote (မဲပေးတာ)၊ with (နှင့်)၊ your (သင်ရဲ့)၊ feet (ခြေထောက်တွေ) လို့ လုံးကောက်အဓိပ္ပါယ်ရပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ခြေထောက်တွေနဲ့ မဲပေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်၊ ခြေထောက်တွေနဲ့ ဘယ်လို မဲပေးမလဲလို့ မေးစရာ ရှိပါတယ်။ ဒီနေရာမှာ မဲဆန္ဒရှင်တယောက်အနေနဲ့ မဲရုံကိုသွားပြီး မဲကိုလက်နဲ့ မဲပုံးထဲထည့်တာမျိုးနဲ့ မဆိုင်ပါဘူး၊ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ စည်းဝေးပွဲ စသဖြင့်မှာ တင်ပြဆွေးနွေးနေကြတာတွေကို၊ တက်ရောက်လာကြတဲ့ ပရိသတ်တွေက သဘောမကျ ကြရင်၊ အဲဒီနေရာကနေ ထထွက်သွားကြတဲ့အပြုအမူကနေ ဒီအသုံးဆင်းသက်လာတာ ဖြစ်ပါတယ်။၊ ဒါဟာ တနည်းတော့ ခြေထောက်သုံးပြီး ကိုယ့်ဆန္ဒကို ထုတ်ဖော်လိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ခြေထောက်နဲ့ မဲပေးရာရောက်တယ်လို့ဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကမကျေနပ်တာကိုပြလိုတဲ့အတွက်နေရာကနေထထွက်သွားတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Most members at the meeting voted with their feet as it appeared to be a waste of time.

အဖွဲ့ဝင်အများစုက စည်းဝေးပွဲကနေ ထထွက်သွားကြတယ်။ အကျိုးမရှိတဲ့အတွက် အချိန်ကုန်မခံချင်ကြပုံပေါ်တယ်။

() Straw vote

Straw (ကောက်ရိုး)၊ vote (မဲ) ဆိုတော့ စကားစုတခုလုံးရဲ့ ကောက်ရိုးမဲ ဖြစ်ပါတယ်။ ဒီအသုံးက လေဘယ်ဘက် တိုက်တယ်ဆိုတာကို သိရအောင် ကောက်ရိုးမျှင်တွေကို မိုးပေါ်ကို ပစ်တင်လိုက်ပြီး ကောက်ရိုးမျှင်တွေ လေထဲလွင့့််တဲ့ဘက်ကိုကြည့်ပြီး ဘယ်ဘက်ကနေ လေတိုက်နေတယ်ဆိုတာကို ခန့်မှန်းယူတဲ့ဓလေ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ၊ အထူးသဖြင့်ရွေးကောက်ပွဲတွေ မကျင်းပမီ၊ ဥပဒေကြမ်းတွေ အတည်မပြုမီ၊ လူထုဆန္ဒသဘောထားက ဘယ်လိုရှိသလဲဆိုတာကို သွေးတိုးစမ်းပြီး စစ်တမ်းကောက်ယူတာ၊ မေးမြန်းတာတွေ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။ အဲဒီကနေ အဖြေထွက်လာတာမျိုးဟာ တကယ့်ပွဲကြီးမတိုင်မီ ပဏာမ အကြိုထွက်တဲ့ အဖြေမျိုးလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ Straw vote ရဲ့ အီဒီယံအဓိပ္ပါယ်က နမူနာ အစမ်းသဘောအားဖြင့် ကောက်ယူတဲ့ စစ်တမ်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We should take a straw vote to find out what the people think about the education bill.

လူတွေ အနေနဲ့ ပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားအမြင်ရှိကြတယ်ဆိုတာကို သိနိုင်ဖို့ ကျနော်တို့ အကြိုစစ်တမ်း ကောက်ယူသင့်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Election နှင့်ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေ က Press the flesh, Vote with your feet နဲ့ Straw vote တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG