သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time (New Year) စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
တိုက်ရိုက် လင့်ခ်

ဒီသတင်းတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ နှစ်ဟောင်းကုန်တော့မယ့် အချိန်ကာလမှာ လူအများစုက နှစ်သစ်ကို စိတ်သစ်လူသစ် အတွေးသစ်တွေ နဲ့ စတင်မယ်ဆိုတဲ့ New Year Resolution(s) ဆုံးဖြတ်ချက်တွေ ချမှတ်သလို၊ နှစ်သစ်ကြို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြပါတယ်။

ဒါကြောင့် နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ Time ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Big time, In the nick of time နဲ့ The time of your life စကားလုံးများကို တင်ပြထားပါတယ်။

Big time

Big (ကြီးမားသော)၊ Time (အချိန်) ဖြစ်ပြီး၊ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပါ္ပယ်ကတော့ ကြီးမားတဲ့အချိန် ဖြစ်ပေမယ့် အီဒီယံမှာတော့ (၂) မျိုး အဓိပါ္ပယ်ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေလို့လည်း သုံးစွဲပြောဆိုနိုင်ပါတယ်။

ဥပမာ

I really had a big time at the New Year party I went to last year. The food was great and I got to meet some big-time people like senators and other big shots!


ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ့၊ ဒါ့အပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်။

In the nick of time

In the nick မှာ nick က တိကျတာကိုဆိုလိုပြီး၊ of time က အချိန်ဖြစ်ပါတယ်။ ဒီစကားစုရဲ့ တိုက်ရိုက် အဓိပ္ပါယ်က တိကျတဲ့အချိန်ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က လက်မတင်ကလေး အချိန်မီ တာဖြစ်ပါတယ်။

ဥပမာ

We had a flat tire on our way to Henry's party but we still got there in the nick of time, five minutes to twelve! Just in time to raise a glass of wine and ring in the New Year!

Henry ရဲ့ ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ (၁၂) နာရီထိုးဖို့ (၅) မီနစ်အလို နှစ်သစ်ကို အရက်ခွက်မြှောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။

The time of your life

ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် ဖြစ်ပါတယ်။

ဥပမာ

I had the time of my life at last year’s New Year party in New York !

ပြီးခဲ့တဲ့ နှစ်က New York မှာ နှစ်သစ်ကူးပါတီဆင်နွှဲခဲ့တာ၊ ဘဝမှာ အပျော်ဆုံးအချိန်ပဲ ြစ်ပါတယ်။

XS
SM
MD
LG