သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sport စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Sport စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Sport စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းပတ် English-American style ကဏ္ဍမှာ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ touch down, kick off, game plan နဲ့ team player တို့ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Touch down ဖြစ်ပါတယ်။ Touch = ထိသည်၊ Down =အောက်ဖက် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ အောက်ကို ထိခြင်း လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်။ အမေရိကန် football ကစားပွဲမှာ ယှဉ်ပြိုင်ဖက်အသင်းရဲ့ ကွင်းနယ်မြေဖက်ကို ဖြတ်ကျော်သယ်ယူကာ အဆုံးစည်းမှာ ဘော်လုံးကို ချနိုင်ရင် အမှတ်ရခြင်း ဖြစ်ပါတယ်။ အမေရိကန်ဘောလုံးပွဲမှာ ဘောလုံးကို လက်နဲ့ပိုက်ပြီးသယ်နိုင်သလို၊ အဝေးကိုပစ်ပေးနိုင်ပါတယ်။ ကစားချိန်မှာ ကစားသမား (၁၁) ယောက်စီ ရှိပြီး ကစားချိန် ၁၅ မိနစ် လေးကြိမ် ကစားရတာဖြစ်သလို နှစ်ကြိမ်ပြီးရင်တော့ အားလပ်ချိန် ရပါတယ်။ အသင်းသားက ပြိုင်ဖက်အသင်းဖက်စီ ဘောလုံးကိုသယ်ယူနိုင်တယ်၊ ကိုယ့်အသင်းက တဆင့်ပစ်ပေးတာကို ပြိုင်ဖက်အသင်း နောက်ဆုံးဂိုးစည်းဧရိယာအတွင်းမှာ ဖမ်းယူနိုင်တယ်ဆိုရင် touch down လို့ ခေါ်နိုင်ပါတယ်။ ရရှိတဲ့ အမှတ်က (၆) မှတ် ဖြစ်ပါတယ်။

အီဒီယံ အဓိပ္ပါယ်ကတော့ တခုခုကို ကြိုးစားလုပ်ရာမှာ အောင်မြင်မှု ရရှိခြင်းကို ဆိုလိုပါတယ်။ ဘော်လုံးပွဲမှာ touch down လုပ်နိုင်က အမှတ်ရသလို နေစဉ်ဘဝမှာလည်း တခုခုကို ကြိုးစားပြီးရလိုက်ရင် အောင်မြင်မှုကို ရတာကို ဆိုလိုပါတယ်။ ခေတ်စကားအရတော့ အမှန်အကန် လို့ ပြောနိုင်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

You scored the touch down when you hired Jane. She is a great accountant.
ခင်များ Jane ကို အလုပ်ခန့်လိုက်တာ သိပ်ကို အမှန်အကန်ပါဘဲ။ သူက သိပ်ကိုတော်တဲ့ စာရင်းကိုင်တဦးပါ။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Kick off ဖြစ်ပါတယ်။ Kick = ကန်သည်၊ Off = အဝေးသို့ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ အဝေးကို ကန်လိုက်ခြင်းလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အမေရိကန်ဘောလုံးပွဲမှာတော့ kick off က ဘောလုံးပွဲအစမှာ ဘောလုံးကို တဖက်အသင်းရဲ့ ကွင်းဘက်ကို စပြီး ကန်လိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့် ဘောလုံးပွဲ စတင်ပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ လုပ်ငန်းတခုခုကို စတင်ဆောင်ရွက်တဲ့အချိန် ကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The kick off date for the paper mill project is April 1st.
စက္ကူစက်ရုံ စီမံကိန်း စတင်မယ့် ရက်က ဧပြီလ ၁ ရက်နေ့ ဖြစ်ပါတယ်။

တတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Game plan ဖြစ်ပါတယ်။ Game = ကစားပွဲ၊ ကစားနည်း၊ Plan = အစီအစဉ် ဆိုတော့ လုံးကောက်အဓိပ္ပါယ်ကတော့ ကစားပွဲအစီအစဉ် ဖြစ်ပါတယ်။ ပြိုင်ဖက် အားကစားအသင်းနှစ်သင်းရှိရာမှာ အသင်းသားတွေ နဲ့ အသင်းနည်းပြဟာ ပွဲမစမီ ဘယ်လိုအကွက်ချ ကစားမလဲ၊ ဘယ်သူက ဘယ်သူကိုကြည့်၊ ဘယ်သူကိုထိန်း စတဲ့ အစီအစဉ်ဗျူဟာတွေ ချမှတ်တာကို game plan လို့ ခေါ်ပါတယ်။

အီဒီယံသဘောအရတော့ နေ့စဉ်အသုံးမှာ စစ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေး၊ ကိုယ်ရေးကိုယ်တာမှာပဲဖြစ်ဖြစ် လူတွေဟာ အကွက်ချ၊ အစီအစဉ်ချ လုပ်ကိုင်ကြတာကို game plan လို့ ခေါ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

What is your game plan for retirement? Now the stock prices have gone down. Most of your savings are gone. You might have to work a few more years before you can retire.
ခင်များ ပင်စင်ယူမယ့် အစီအစဉ်က ဘယ်လိုလဲ။ စတော့ဈေးတွေကလည်း ကျဆင်းနေတော ခင်များ စုဆောင်ငွေတွေလည်း ကုန်လ့ုနီးရောပေါ့။ အနားမယူသေးပဲ နှစ်အနည်းငယ် ထပ်ပြီး အလုပ်ဆက်လုပ်ရမယ့် ပုံပေါ်နေတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Team player ဖြစ်ပါတယ်။ Team = အသင်း၊ Player = ကစားသမား ဖြစ်ကြပါတယ်။ အသင်းဝင် ကစားသမား (အသင်းသား) လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ အုပ်စုနဲ့ အဖွဲ့နဲ့ ဆောင်ရွက်ရာမှာ အသင်းနဲ့ပူးပေါင်းဆောင်ရွက်တက်သူ၊ အလိုက်အထိုက်လုပ်တက်သူ၊ ယိုင်းပင်တက်သူ၊ မခိုမကပ်ပဲ အလုပ်ဖြစ်အောင် ဝိုင်ပြီးလုပ်ကိုင်စိတ်ရှိသူ ကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is a team player. We are very lucky to have him. He helps us whenever we are short of people and gets things done.
John ဟာ တကယ့်ကို အလိုက်သိပြီး ယိုင်းပင်ကူညီတက်သူပါ။ သူကို ကျနော်တို့ရတာ တို့တတွေ သိပ်ကံကောင်းပါတယ်။ လူလိုတိုင်း အမြဲအကူအညီပေးတယ်၊ အလုပ်တွေပြီးအောင်လည်း ကူညီလုပ်ပေးတယ်။

XS
SM
MD
LG