သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Back စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Goal Keeper, Soccer.
Goal Keeper, Soccer.

ဒီ သတင်းပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ back seat driver, back to square one နဲ့ back to the drawing board စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ back seat driver ဖြစ်ပါတယ်။ Back = နောက်ဖက်၊ Seat = ထိုင်ခုံ၊ Driver = ကားမောင်းသူ တို့ ဖြစ်ကြပါတယ်။ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကားနောက်ခန်းမှာ ထိုင်ပြီးတော့ ကားမောင်းသူလို့ ဖြစ်ပါတယ်။ ကားမောင်းသူကိုယ်စား ကားနောက်ခန်းကဖြစ်စေ၊ ဘေးခုံကနေဖြစ်စေ လိုက်စီးသူက ကားမောင်းသူကို ဆရာလုပ်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ခင်ပွန်းသည်က ကားမောင်း နေတဲ့အခါ စိုးရိမ်တဲ့ အမျိုးသမီးကနေ ဘေးကထိုင်ပြီး စိတ်ပူကာ ဖြေးဖြေးမောင်း၊ ရှေ့မှာ ကားလာနေပြီ၊ မီးနီတော့မယ်၊ မီးစိမ်းပြနေပြီ စတဲ့ ဘေးကနေ မနားတမ်း တောက်လျှောက်ပြော၊ ဆရာလုပ်လို့ လင်မယားတွေ ကားမောင်း နေချိန် စကားများ၊ ရန်ဖြစ်ကြတာကို သိကြမှာပါ။ ဒါကြောင့်မို့ ဘာမှမပြောဘဲ ပါးစပ်ပိတ်ထားရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ပါးစပ်မပိတ်ဘဲ ဘေးကနေ ထိုင်ေပြောမယ်၊ အပြောခံရ တဲ့လူကလည်း မခံနိုင်ရင်တော့ စကားများ ရန်ဖြစ် အခြေအနေမလှ ဖြစ်ရပါလိမ့်မယ်။

အီဒီယံအဓိပ္ပါယ်ကလည်း ဒီသဘောပဲ ဖြစ်ပါတယ်။ ကားမောင်းတဲ့ကိစ္စမှာတင်မဟုတ် တခြားအလုပ်တွေ မှာလည်း မလိုပဲနဲ့ ဘေးကနေထိုင်ပြီးတော့ ပြစ်တင်ပြောဆိုတာ၊ ဝေဖန်တာ၊ မလိုလားအပ်တဲ့ ပြောဆိုအကြံဉာဏ်တွေပေးတာ၊ တဖက်လူမနှစ်သက်တဲ့ အကြံဉာဏ်ပေး ဆရာလုပ်တဲ့လူမျိုးကို back seat driver လို့ ပြောဆိုနိုင်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

My wife is a back seat driver. I told her to stop this habit as it makes me very angry. She is always telling me what to do even who to be friends with.

ကျနော်အမျိုးသမီးက မလိုအပ်ပဲ ဆရာသိပ်လုပ်တယ်။ ကျနော်လည်း သိပ်ကိုစိတ်ဆိုးတော့ ဒီအကျင့်ကို ဖျောက်ဖို့ သူကိုပြောတယ်။ ကျနော်ကို ဘာလုပ် ဘယ်လိုလုပ်ဆိုပြီတော့ အမြဲပြောတယ်။ ဘယ်သူနဲ့ မိတ်ဆွေပေါင်း သင်းရမယ်ဆိုတာတောင် ပါသေးတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ back to square one ဖြစ်ပါတယ်။ Back to = ပြန်ရောက်လာသည်။ Square = လေးထောင့်ကွက်၊ စတုရန်းပုံ။ One = နံပတ်တစ် တို့ ဖြစ်ကြပါတယ်။ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ နံပတ်တစ် လေးထောင့်ကွက်ဆီကို ပြန်လည်ရောက်လာခြင်း လို့ ပြန်ဆိုနိုင်ပါတယ်။ ဒီအသုံးအနှုန်းက လေးထောင့်ကွက်တွေပါတဲ့ ကစားပွဲနည်းတွေက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

ဥပမာ Snakes and Ladders ဆိုတဲ့ အန်စာတုံးကို ခွက်ထဲထည့်လှုပ်ပြီး ထွက်လာတဲ့ ဂဏန်းနံပါတ်ကိုယူပြီး မိမိရဲ့ ကော်ပြားအဝိုင်းကလေးကို ရွှေ့ပြီးကစားရတဲ့ မြွေနဲ့လှေကား ကားချပ်ကစားနည်းမှ ဆင်းသက်လာတယ်လို့ သိရပါတယ်။ မိမိလှုပ်ချ လိုက်တဲ့ အန်စာတုံးရဲ့ ဂဏန်းနံပါတ်ကိုယူပြီးတော့ ကားချပ်ပေါ်မှာ မိမိရဲ့

ကော်ပြားအဝိုင်းလေးကို ရွှေ့ရတဲ့နေရာမှာ မြွေဆိုတဲ့အကွက်ပေါ်ကို ကျခဲ့ရင်တော့ အောက်ဖက်ကို လျှောကျပြန်ဆင်းရပြီး အစကနေ ပြန်ပြီးကစားရတဲ့ နည်းဖြစ်ပါ တယ်။

နောက်တနည်းက ဘော်လုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဘော်လုံးအကြောင်းကို တိုက်ရိုက်အသံလွှင့်တဲ့လူတွေက အခက်အခဲရှိတဲ့အတွက်ကြောင့်လည်း ဘော်လုံးကွင်းကို လေးထောင့်အကွက် ရှစ်ကွက်ချပြီးတော့ ဘော်လုံးက ဘယ်အကွက်ရောက်နေပြီဆိုတာ နံပါတ်တပ်ပြီးတော့ တိုက်ရိုက်အသံလွှင့်ရာမှ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဥပမာ ပွဲစဉ်ကို ခဏရပ်ပြီးတော့ ပြန်စတဲ့အခါ ဂိုးသမားဖြစ်တဲ့ နံပါတ်တစ် အကွက်ကနေ ပြန်စတာကို back to square one လို့ အသံလွှင့်သူက ပြောလေ့ရှိပါတယ်။

နေစဉ် အီဒီယံအသုံးမှာတော့ တစ်ကနေ ပြန်စရတဲ့ သဘောပါ။ အစအဆုံး အားလုံး ဘာမှသုံးမရတော့ အစကနေ လုပ်ငန်းကို ပြန်စရတာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John said that we are back to square one. The committee did not approve our proposal and wants us to come up with a new one.

John အပြောအရတော့ ကျနော်တို့ တစ်ကနေ ပြန်စကြရတော့မယ်။ ကျနော်တို့ တင်သွင်းထားတဲ့ အဆိုပြုလွှာကို ကော်မတီက သဘောမတူဘူး။ အသစ်ပြန်တင်ဖို့လိုတယ်လို့ ပြောတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ back to the drawing board ဖြစ်ပါတယ်။ Back to = ပြန်သွားသည်။ Drawing = ပုံဆွဲသည်။ Board = ပျဉ်ချပ်ပြား တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပုံဆွဲတဲ့ ပျဉ်ချပ်ပြားဆီကို ပြန်သွားခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဒီဇိုင်းရေးဆွဲရာမှာ ရေးဆွဲတဲ့ဆီကို ပြန်သွားရမယ်ဆိုရင် မိမိဆွဲထားတာ မဟန်မမှန်လို့ သုံးမရလို့ ဒီဇိုင်းအသစ်ကို လုံးဝပြန်ဆွဲရမယ် သဘောကို ဆိုလိုပါတယ်။ ဒါကြောင့်မို့လည်း နေ့စဉ်ဘဝမှာ တစ်ကနေပြန်စရမယ်ဆိုတဲ့ အသုံးအနှုန်းလို back to the drawing board က အားလုံးကို အစအဆုံး ပြန်လုပ်ရတယ့် အခြေအနေမှာ ဒီအသုံးအနှုန်းကို သုံးနှုန်းပြောဆိုနိုင်ပါတယ်။

George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

We started an online business, but after awhile it was back to the drawing board for us as we could not make a profit.

ကျနော်တို့ အင်တာနက် စီးပွားရေးလုပ်ငန်းတခုစခဲ့တယ်။ ဒါပေမဲ့ အချိန်ကာလတခုအတွင်းမှာ အမြတ်အစွန်းမရလို့ အားလုံးပြန်လည် စီမံလုပ်ကိုင်ရမဲ့ အခြေအနေရောက်ခဲ့တယ်။

XS
SM
MD
LG